တရုတ်နိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးစျေးကွက် တုံ့ဆိုင်းမှုကြောင့် ဖရဲ၊ သခွားမွှေးထုတ်ကုန်များအပေါ် ပြည်တွင်းစျေးကွက် အမြန်ဆုံးရရှိရေးအတွက် ရန်ကုန်မြို့ရှိ စျေးအချို့၌ ဆိုင်ခန်းဖွင့်လှစ်ရောင်းချရန်နှင့် မြို့တွင်းလှည့်လည်ရောင်းချရန်စီစဉ်ပေးထား

တရုတ်နိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးစျေးကွက် တုံ့ဆိုင်းမှုကြောင့် ဖရဲ၊ သခွားမွှေးထုတ်ကုန်များအပေါ် ပြည်တွင်းစျေးကွက် အမြန်ဆုံးရရှိရေးအတွက် ရန်ကုန်မြို့ရှိ စျေးအချို့၌ ဆိုင်ခန်းဖွင့်လှစ်ရောင်းချရန်နှင့် မြို့တွင်းလှည့်လည်ရောင်းချရန်စီစဉ်ပေးထား
မြန်မာဘက်က တင်ပို့ရောင်းချထားသည့် ဖရဲ၊ သခွားသီးများ တရုတ်နိုင်ငံ ဝမ်တိန်သစ်သီးကွင်း၌ ရောင်းမရဘဲစုပြုံနေသည်ကို ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
မြန်မာဘက်က တင်ပို့ရောင်းချထားသည့် ဖရဲ၊ သခွားသီးများ တရုတ်နိုင်ငံ ဝမ်တိန်သစ်သီးကွင်း၌ ရောင်းမရဘဲစုပြုံနေသည်ကို ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 9 February 2020
နီလာ

တရုတ်နိုင်ငံ၏ နယ်စပ်ကုန် သွယ်ရေး စျေးကွက်တုံ့ဆိုင်းမှုကြောင့် ဖရဲ၊ သခွားမွှေးထုတ်ကုန်များအပေါ် ပြည်တွင်းစျေးကွက် အမြန်ဆုံးရရှိရေးအတွက် ရန်ကုန် မြို့ရှိ စျေးအချို့၌ ဆိုင်ခန်းဖွင့်လှစ် ရောင်းချရန်နှင့် မြို့တွင်းလှည့်လည် ရောင်းချနိုင်ရန် စီစဉ်ပေးထားကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရ သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ကိုရိုနာ ဗိုင်းရပ်စ်ရိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်ပို့နေသော ဖရဲ/သခွားမွှေး၊ သစ်သီးဝလံများ တရုတ်နိုင်ငံသို့ ပုံမှန်တင်ပို့မှု တုံ့ ဆိုင်းနေသည့်အပေါ် ဖရဲ/သခွား စိုက်တောင်သူများ၊ လတ်တလော ကြုံတွေ့နေရသည့် အခက်အခဲများ အဆင်ပြေစေရေးနှင့် နစ်နာဆုံးရှုံး မှု နည်းပါးစေရေးအတွက် အရေး ပေါ်ဆောင်ရွက်ရမည့် အစီအစဉ် များနှင့်ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ များ၊ မြန်မာကုန်သွယ်မှု မြှင့်တင် ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ် ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်း၊  မြန်မာနိုင်ငံဖရဲ၊ သခွားမွှေး စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း၊ မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူများ ဆွေးနွေးခဲ့ကြောင်း သိရ သည်။

တရုတ်နိုင်ငံ၏ နယ်စပ်ကုန် သွယ်ရေးစျေးကွက် တုံ့ဆိုင်းမှု ကြောင့် ဖရဲ/သခွားမွှေး ထုတ်ကုန် များအပေါ် ပြည်တွင်းစျေးကွက်အ မြန်ဆုံးရရှိရေးနှင့် ပြည်ပစျေးကွက် တိုးမြှင့်တင်ပို့နိုင်ရေးတို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ အတွင်းရေးမှူးက    ‘တိုင်းရင်းသားသွေးချင်းတို့ရဲ့ ပွဲ တော်’ ကာလအတွင်း ဆိုင်ခန်းဖွင့် လှစ်ရောင်းချရေး၊ မြေပဒေသာ ကျွန်းတွင် ဖရဲ/ သခွားပွဲတော်ပြု လုပ်ရေး၊ တညင်းကုန်းလက်ကား စျေးတွင် သယ်ယူရောင်းဝယ်ရန် နေရာစီစဉ်ဆောင်ရွက်ပေးရေး၊ ရွှေပိတောက်ငါးစျေး (လှိုင်မြို့နယ်)တွင် သယ်ယူပို့ဆောင်ရောင်းဝယ် ရန် နေရာစီစဉ်ပေးခြင်း၊ ရတနာသီ ရိကုန်စိမ်းစျေး (ထောက်ကြန့်)အပေါ်ထပ်၌ ရောင်းချရန်နေရာ စီစဉ်ပေးခြင်း၊ ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ နယ်နိ မိတ်အတွင်းရှိ စျေးများအတွင်း ရရှိ နိုင်မည့် နေရာများ၌ ဆိုင်ခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း၊ Door to Door Service စနစ်ဖြင့် ရန်ကုန် မြို့တွင်း လှည့်လည်ရောင်းချရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ဘုရင့် နောင်ကုန်စည်ဒိုင်၊ အဝေးပြေး ယာဉ်ရပ်နားစခန်းအတွင်း သယ်ယူ ရောင်းဝယ်ရန် နေရာစီစဉ်ဆောင် ရွက်ပေးခြင်း၊ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝနြ်ကီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၏ အုပ်စု (၁၁) သိုလှောင်ရုံနှင့် ကြက်ဘဲစျေးအနီး မြန်မာ့ဂုဏ် ရောင်လမ်းမပေါ်ရှိ ကုန်သွယ်ရေး ဦးစီးဌာနပိုင် တစ်ဧကခန့်ဝင်းအ တွင်း ယာယီဆိုင်ခန်းဖွင့်လှစ် ရောင်းချရန် စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရန် စီစဉ်ပေးမည် ဟုပြောကြားခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်း ရပ်စ်ကြောင့် အရေးပေါ်အခြေအနေနှင့် သယ်ယူပို့ဆောင်ရေးလမ်း ကြောင်းများ ကန့်သတ်ထားမှု ကြောင့် မြန်မာနိုင်ငံဘက်မှ သစ်သီးဝလံ တင်ပို့ရောင်းချမှုနှင့် ဝယ်ယူမှုစျေးကွက်၌ အခက်အခဲဖြစ် ပေါ်နေကြောင်း သစ်သီးဝလံကုန် စည်ဒိုင်၊ မူဆယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန်က ဇန်နဝါရီ ၂၇ ရက် က သတင်းထုတ်ပြန်ထားသည်။

ယခင်က ကားလမ်းပိတ်မှုများကြောင့် မူဆယ်ဘက်၌ အရောင်း အဝယ်အေးကာ တရုတ်ဘက်သို့ သစ်သီးတင်ပို့မှုရပ်ဆိုင်းခဲ့ရသည့် အခြေအနေများ ရှိခဲ့သော်လည်း ကားလမ်းပြန်ဖွင့်ချိန်၌ အရောင်းအ ဝယ်ပြုလုပ်လေ့ရှိကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိဖြစ်ပွားနေ သည့် အခြေအနေမှာ ဘာမျှမတတ် နိုင် သေးသ ည့်အနေအထားဖြစ်နေ ကြောင်း၊ တရုတ်ဘက်မှ အဆိုပါ ရောဂါကို ထိန်းချုပ်နိုင်သည့် အခြေ အနေရောက်မှသာ အရောင်းအဝယ် ပြန်လည်ပြုလုပ်နိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

 

 

Most Read

Most Recent