ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှူအာ၏ ချန်ပီယံကာကွယ်ပွဲကို စပါးကွင်း၌ကျင်းပရန် နီးစပ်

ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှူအာ၏ ချန်ပီယံကာကွယ်ပွဲကို စပါးကွင်း၌ကျင်းပရန် နီးစပ်
Photos: Getty Images
Photos: Getty Images
Published 9 February 2020

WBA (SUPER)၊ IBF၊ WBO နှင့် IBO ဟဲဗီးဝိတ်တန်းချန်ပီယံ ဂျိုရှူအာသည် IBF ချန်ပီယံခါးပတ်အတွက် စိန်ခေါ်သူ ဘူလ်ဂေးရီးယား လက်ဝှေ့သမား ပူလပ်ဗ်နှင့် သဘောတူညီမှုရရန် နီးစပ်နေပြီး ဇွန်လအတွင်း ထိုးသတ်ဖွယ်ရှိသည်။

 

ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှူအာ၏ ချန်ပီယံကာကွယ်ပွဲကို ပရီးမီးယားကလပ် စပါးအသင်း၏ တော့တင်ဟမ်ဟော့စပါးကွင်း၌ ကျင်းပရန် နီးစပ်နေကြောင်း သိရသည်။

WBA (SUPER)၊ IBF၊ WBO နှင့် IBO ဟဲဗီးဝိတ်တန်းချန်ပီယံ ဂျိုရှူအာသည် IBF ချန်ပီယံခါးပတ်အတွက် စိန်ခေါ်သူ ဘူလ်ဂေးရီးယား လက်ဝှေ့သမား ပူလပ်ဗ်နှင့် သဘောတူညီမှုရရန် နီးစပ်နေပြီး ဇွန်လအတွင်း ထိုးသတ်ဖွယ်ရှိသည်။

၎င်းအတွက် နိုင်ငံပေါင်းစုံမှ ကမ်းလှမ်းမှုများရရှိထားသော်လည်း ကစားသမားကိုယ်တိုင်က ဗြိတိန်၌သာထိုးသတ်ရန် ဆန္ဒရှိနေကြောင်း ပွဲစီစဉ်သူ အက်ဒီဟန်းက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ဆီမှာ အရှေ့ဖျား၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ အမေရိကနဲ့ တူရကီတို့ဆီက ကမ်းလှမ်းမှုတွေရထားပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်က အိမ်မှာပဲ ပြန်ထိုးချင်တယ်။ လာမယ့်ပွဲကို လန်ဒန်မှာထိုးချင်တယ်။ Madison Square Garden (အမေရိကန်) နဲ့ ဆော်ဒီအာရေဗျကို သွားပြီးပြီဖြစ်လို့ တခြားကမ်းလှမ်းမှုတွေ မေ့ထားပြီး ကိုယ့်နေရာမှာပဲ ပြန်ထိုးဖို့ ပြောထားပါတယ်" ဟု ၎င်းကဆိုသည်။

တော့တင်ဟမ်ဟော့စပါးကွင်းမှာ ပရိသတ် ၆၂၀၀၀ ဝင်ဆံ့ကြောင်း သိရသည်။

 

 

Most Read

Most Recent