ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်း၏ ခြေစွမ်းကြောင့် အမှားလုပ်၍မရဟု ရန်ကုန်အသင်းနည်းပြချုပ် ဦးတင်မောင်ထွန်း သုံးသပ်

ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်း၏ ခြေစွမ်းကြောင့် အမှားလုပ်၍မရဟု ရန်ကုန်အသင်းနည်းပြချုပ် ဦးတင်မောင်ထွန်း သုံးသပ်
Photos: EMG,Yangon United Facebook
Photos: EMG,Yangon United Facebook
Published 9 February 2020

ပွဲစဉ်အပြောင်းအလဲကြောင့် ရန်ကုန်အသင်းသည် ပထမအကျော့ သုံးပွဲစလုံးကို အိမ်ကွင်းကစားရမည်ဖြစ်ပြီး ဒုတိယအကျော့သုံးပွဲစလုံးကိုမူ အဝေးကွင်းကစားရမည်ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်အသင်းသည် အာဆီယံဇုန် ဆီမီးဖိုင်နယ် တက်ရောက်ရန်အတွက် အိမ်ကွင်းပွဲများတွင် ရမှတ်အပြည့်ရယူထားနိုင်ရန် လိုအပ်နေသည်။

 

ရန်ကုန်အသင်းနည်းပြချုပ် ဦးတင်မောင်ထွန်းက AFC CUP ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် တွေ့ဆုံနေသည့်  ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်း၏ ခြေစွမ်းကြောင့် အမှားလုပ်၍မရကြောင်း ပြောကြားခဲ့သည်။

ပွဲစဉ်အပြောင်းအလဲကြောင့် ရန်ကုန်အသင်းသည် ပထမအကျော့ သုံးပွဲစလုံးကို အိမ်ကွင်းကစားရမည်ဖြစ်ပြီး ဒုတိယအကျော့သုံးပွဲစလုံးကိုမူ အဝေးကွင်းကစားရမည်ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်အသင်းသည် အာဆီယံဇုန် ဆီမီးဖိုင်နယ် တက်ရောက်ရန်အတွက် အိမ်ကွင်းပွဲများတွင် ရမှတ်အပြည့်ရယူထားနိုင်ရန် လိုအပ်နေသည်။

" ပွဲစဉ်အပြောင်းအလဲကြောင့် ကျွန်တော်တို့က ပထမအကျော့ပွဲတွေကို အိမ်ကွင်းကစားရမှာဖြစ်ပါတယ်။ အိမ်ကွင်းပွဲတွေမှာ အမှတ်ယူထားနိုင်ရင် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပွဲတိုင်းကို အာရုံစိုက်ပြီး ကစားသွားမှာပါ။ ဟိုချီမင်းစီးတီးအသင်းရဲ့ ကစားပုံကိုလည်း လေ့လာထားပါတယ်။ ဘူရီရမ် အသင်းနဲ့ ကစားခဲ့တဲ့ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲကို ကြည့်ရှုထားတာဖြစ်ပါတယ်။ နိုင်ငံခြားသား ကစားသမားတချို့ကိုလည်း ပြန်လဲထားတယ်လို့ သိရပါတယ်။ သေချာတာက ကစားပုံရော ခြေစွမ်းပါ ကောင်းမွန်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အိမ်ကွင်းကစားရပေမဲ့ အမှားလုပ်လို့မရပါဘူး။ အာရုံစူးစိုက်မှုအပြည့်နဲ့ ယှဉ်ပြိုင်ကစားမှ ရလဒ်ကောင်းရရှိမှာပါ။ အကောင်းဆုံးပုံစံရနေတဲ့ ကစားသမားတွေကို အသုံးပြုမှာဖြစ်ပြီး နိုင်ငံခြားသား ကစားသမားလေးဦးစလုံးကို တစ်ပြိုင်တည်းအသုံးပြုဖို့ ရှိပါတယ်" ဟု ဦးတင်မောင်ထွန်းက ပြောကြားခဲ့သည်။

ရန်ကုန်အသင်းတွင် ဒဏ်ရာရနေသည့် နောက်ခံလူ ပြည့်ဖြိုးဇော် နှင့် ဂိုးသမား ဆန်းဆက်နိုင်တို့မှလွဲ၍ လူစုံပါဝင်မည်ဖြစ်ပြီး နောက်ခံလူ ထိုက်ထိုက်အောင်၏ ဒဏ်ရာမှာလည်း ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ကြောင်း သိရသည်။ ဟိုချီမင်းစီးတီးအသင်းသည် ၂၀၂၀ ရာသီ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲ ဒုတိယအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရခဲ့ ပြီး ထိုင်းကလပ် ဘူရီရမ်အသင်းကို (၁-၂) ဂိုးဖြင့် အရေးနိမ့်ခဲ့သောကြောင့် ခြေစစ်ပွဲမအောင်ဘဲ AFC CUP တွင် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။  ယင်းအသင်းကို တောင်ကိုရီးယားနည်းပြ ဂျောင်ဟေးဆောင်က တာဝန်ယူကိုင်တွယ်နေကြောင်း သိရသည်။

 

 

Most Read

Most Recent