အက်ဒ်ဝုဒ်ဝက်ဒ်၏နေအိမ် တိုက်ခိုက်ခံရမှုကို ကြိုတင်သိရှိသော်လည်း ရဲတပ်ဖွဲ့ထံအကြောင်းမကြားသည့် The SUn သတင်းစာအား မန်ယူအသင်း တိုင်ကြား

အက်ဒ်ဝုဒ်ဝက်ဒ်၏နေအိမ် တိုက်ခိုက်ခံရမှုကို ကြိုတင်သိရှိသော်လည်း ရဲတပ်ဖွဲ့ထံအကြောင်းမကြားသည့် The SUn သတင်းစာအား မန်ယူအသင်း တိုင်ကြား
Photos: Getty Images
Photos: Getty Images
Published 9 February 2020

မန်ယူအသင်းက ယင်းဖြစ်စဉ်ကို ချက်စ်ရှိုင်းယားရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သလို ကြိုတင်အသိပေးတိုင်ကြားရန် ပျက်ကွက်သည့် The SUn သတင်းစာကိုလည်း ဗြိတိန်ရှိ သတင်းစာ နှင့် မဂ္ဂဇင်းများအတွက် ဖွဲစည်းထားသည့် လွတ်လပ်သောသတင်းအဖွဲ့ (IPSO) ထံ တရားဝင်ကန့်ကွက်စာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

 

မန်ယူအသင်းသည် အမှုဆောင်ဒုဥက္ကဋ္ဌဖြစ်သူ အက်ဒ်ဝုဒ်ဝက်ဒ်၏နေအိမ် တိုက်ခိုက်ခံရသည့်ဖြစ်စဉ်ကို ကြိုတင်သိရှိသော်လည်း ရဲတပ်ဖွဲထံ အသိပေးတိုင်ကြားရန်ပျက်ကွက်ခဲ့သည့် The SUn သတင်းစာအား ကန့်ကွက် တိုင်ကြားခဲ့ကြောင်း သိရသည်။

Twitter တွင်ထွက်ပေါ်လာသည့် ဗီဒီယိုဖိုင်အရ ဇန်နဝါရီ ၂၈ ရက်တွင် လူတစ်စုက ချက်စ်ရှိုင်းယားရှိ အက်ဒ်ဝုဒ်ဝက်ဒ်၏ နေအိမ်ရှေ့၌ စုဝေး၍ ၎င်းအား ဆဲဆိုတိုက်ခိုက်သည့်စကားလုံးများဖြင့် အော်ဟစ်ပြော ဆိုခဲ့ကြောင်း သိရသည်။ ထို့နောက် ၎င်းတို့သည် အနီရောင်မီးကျည်တစ်ခုအား နေအိမ်ဝင်းတံခါးကိုကျော်၍ အတွင်းသို့ပစ်သွင်းခဲ့သလို ဂိတ်တံခါးတွင်လည်း အနီရောင်မှုတ်ဆေးဖြင့် ညစ်ပေအောင် ပြုလုပ်ခဲ့ကြသည်။

မန်ယူအသင်းက ယင်းဖြစ်စဉ်ကို ချက်စ်ရှိုင်းယားရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သလို ကြိုတင်အသိပေးတိုင်ကြားရန် ပျက်ကွက်သည့် The SUn သတင်းစာကိုလည်း ဗြိတိန်ရှိ သတင်းစာ နှင့် မဂ္ဂဇင်းများအတွက် ဖွဲစည်းထားသည့် လွတ်လပ်သောသတင်းအဖွဲ့ (IPSO) ထံ တရားဝင်ကန့်ကွက်စာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

" The SUn သတင်းစာအနေဖြင့် ကြိုတင်ကြံစည်ထားသည့် တိုက်ခိုက်မှုအကြောင်း အချက်အလက်များရရှိခဲ့သည်ဟု ကလပ်အသင်းက ယုံကြည်ပါသည်။ ယင်းတိုက်ခိုက်မှုမှာ ပုဂ္ဂလိကပိုင်ဆိုင်မှုအား ဖျက်ဆီးခြင်းနှင့် ခြိမ်းခြောက်လိုသည့် ရည်ရွယ်ချက်ပါဝင်ပြီး ဂျာနယ်လစ်မှာလည်း အခင်းဖြစ်နေရာတွင် ရောက်ရှိနေပါသည်။ ဖြစ်စဉ်ကိုဖော်ပြသည့် ဓာတ်ပုံအရည်အသွေးအရ ဓာတ်ပုံသမားလည်း ယင်းနေရာတွင်ရှိနေပါသည်။ အဆိုပါ ဂျာနယ်လစ်အနေဖြင့် ပြစ်မှုကျူးလွန်ရန် ကြံစည်ခြင်း၊ ဖျက်ဆီးမှုပြုလုပ်ရန် ကြံစည်ခြင်းကို အသိပေးတိုင်ကြားရမည့် အခြေခံတာဝန် ပျက်ကွက်ခဲ့သည့်အပြင် ပြစ်မှုကျူးလွန်ခြင်းကို အားပေးကူညီရာရောက်ပါသည်" ဟု မန်ယူအသင်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍  The SUn သတင်းစာ၏ ပြောရေးဆိုခွင့်ရှိသူက " The SUn အနေနဲ့ မစ္စတာဝုဒ်ဝက်ဒ်ရဲ့ နေအိမ်တိုက်ခိုက်ခံရခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုလုပ်ငန်းတွေမှာ အပြည့်အဝ ပူးပေါင်းပါဝင်ခွင့်ရလို့လည်း ဝမ်းသာပါတယ်။ ဒါပေမဲ့ The SUn အပါအဝင် သတင်းစာအားလုံးက သတင်းရယူပိုင်ခွင့်ကို အလေးအနက် ကာကွယ်ထိန်းသိမ်းသွားမှာဖြစ်ပါ တယ်" ဟု တုံ့ပြန်ပြောကြားခဲ့သည်။

 

 

Most Read

Most Recent