လာလီဂါပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်
Photos: Getty Images
Photos: Getty Images
Published 9 February 2020

အက်စ်ပန်ညို - မာယော့ကာ (တနင်္ဂနွေညနေ ၅:၃၀ နာရီ)

အက်စ်ပန်ညိုကတော့ အတတ်နိုင်ဆုံး ရုန်းကန်နေတယ်။ ဒါကြောင့် မာယော့ကာလို အဝေးကွင်းအားနည်းတဲ့အသင်းမျိုးနဲ့ပွဲမှာ အခွင့်အရေးကို မလွတ်တမ်းအသုံးချဖို့ ကြိုးစားလိမ့်မယ် ထင်တယ်။ အက်စ်ပန်ညိုနဲ့ ဂိုးအနည်းပဲ ရွေးထားရမယ်။



ဆိုစီဒက် - ဘီလ်ဘာအို (တနင်္ဂနွေည ၇:၃၀ နာရီ)

လက်ရှိခြေစွမ်းတွေအရတော့ ဒီနှစ်သင်း သိပ်မကွာလှဘူး။ အခုနောက်ပိုင်း ဘီလ်ဘာအိုက အဝေးကွင်းမှာ ရှုံးပွဲမရှိအောင် ပိုထိန်းကစားပြနေနိုင်ပြီး ဆိုစီဒက်ကလည်း ၂၀၂၀ ထဲမှာ အိမ်ကွင်းနိုင်ပွဲတွေဆက်နေတာ တွေ့ရတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းမငြိမ်သေးတဲ့ ဆိုစီဒက်ထက် ဘီလ်ဘာအိုရဲ့ အဝေးကွင်းတည်ငြိမ်မှုက ပိုကြိုက်ချင်စရာပါ။ ဘီလ်ဘာအိုနဲ့ ဂိုးအများပါပဲ။

 



အိုဆာဆူနာ - ရီးယဲလ်မက်ဒရစ် (တနင်္ဂနွေည ၉:၃၀ နာရီ)

ရီးယဲလ်မက်ဒရစ်ကတော့ ခြေစွမ်းနဲ့ကစားပုံက ဆွဲဆောင်မှုသိပ်မပေးနိုင်သေးပေမယ့် အသင်းက ချန်ပီယံကံ လိုက်နေသလိုမျိုး တွေ့နေရတယ်။ အသင်းကစားပုံကလည်း ဇီဒန်း ရီးယဲလ်မက်ဒရစ်နည်းပြ ပထမအကြိမ် စဖြစ်စကာလကလိုပဲ ဂိုးအများကြီးသွင်းနိုင်ဖို့ထက် အနိုင်ရရေးကိုပဲ ဦးစားပေးထားတာတွေ့နေရတယ်။ ဒါကြောင့် ရီးယဲလ်တို့ နိုင်ပွဲတွေ ရနေပေမယ့် ရလဒ်ပိုင်း သိပ်မပြတ်သားမှုတွေရှိနေတယ်။ အိုဆာဆူနာကလည်း အိမ်ကွင်းရှုံးပွဲ (၂)ပွဲသာရှိပြီး အိမ်ကွင်းမှာ အားကောင်းကောင်းနဲ့ ကစားပြနိုင်တဲ့အသင်းဖြစ်နေတယ်။ ပြိုင်ဘက်တိုင်းကိုလည်း အိမ်ကွင်းမှာ ရဲရဲရင်ဆိုင်လေ့ရှိလို့ ဘာစီလိုနာ၊ ဆီဗီလာကို သရေ၊ ဗီလာရီးယဲလ်၊ ဗလင်စီယာတို့ လိုအသင်းတွေကို အနိုင်ရအောင် ကစားထားနိုင်ခဲ့တယ်။ ဒီ လိုအခြေအနေတွေအရ အခုပွဲမှာလည်း ရီးယဲလ်အတွက် အတော်လေးကို ခက်ခဲမယ့်ပွဲမျိုးဖြစ်နေတယ်။ ဒါကြောင့် ဒီပွဲက ရီးယဲလ်နိုင်ခဲ့ရင်တောင် ပြတ်သားမယ့်အခြေအနေ မရှိပါဘူး။ ရီးယဲလ်ကို ရွေးထားသင့်ပေမယ့် ဂိုးနည်းမယ့်ပွဲလို့ပဲ ထင်တယ်။

 



ဆယ်လ်တာဗီဂို - ဆီဗီလာ (တနင်္ဂနွေည ၁၂:၀၀ နာရီ)

ဆီဗီလာကလည်း မထင်ထားတဲ့ပွဲမျိုးမှာ အမှတ်တွေ လျော့လျော့သွားတာတွေ့ရတယ်။ ဒါပေမဲ့ အသင်းကစားပုံနဲ့ အားထုတ်နိုင်စွမ်းကတော့ အသိအမှတ်ပြုထားလို့ ရနေသေးတယ်။ ဆယ်လ်တာဗီဂိုကတော့ ခံစစ်ကို ပိုသတိထားကစားလာနိုင်တဲ့ အချိန်မှာ တိုက်စစ်ကလျော့လာတာ တွေ့နေရသေးတယ်။ အခုနောက်ပိုင်း လာလီဂါဘက်မှာ အားထုတ်မှုလည်း ပိုလုပ်လာနိုင်တယ်။ ဒါကြောင့် အမှတ်ရဖို့ရုန်းကန်နေရတဲ့ ဆယ်လ်တာဗီဂိုရဲ့ အိမ်ကွင်းအားထုတ်မှုက ဆီဗီလာကို အခက်တွေ့စေဦးမှာပါ။ ဆယ်လ်တာဗီဂိုနဲ့ ဂိုးအနည်းကိုပဲ ရွေးထားချင်တယ်။

 



ဘက်တစ် - ဘာစီလိုနာ (တနင်္လာနံနက် ၂:၃၀ နာရီ)

ဘာစီလိုနာနည်းပြ ဆယ်တီယန်အတွက် အိမ်အပြန်ခရီးပါပဲ။ ဘာစီလိုနာရဲ့ လတ်တလောအဝေးကွင်းကစားအားနဲ့တော့ ဒီပွဲက ပြီးခဲ့တဲ့ရာသီဆုံခဲ့ကြတုန်းကထက် ဖိအားပိုများနေတာ အမှန်ပဲ။ ဆယ်တီယန်လက်ထဲ လာလီဂါအဝေးကွင်း ပွဲဦးကလည်း ဘာစီလိုနာ ဂိုးမသွင်းနိုင်ဘဲ အရှုံးနဲ့ကြုံခဲ့ရတယ်။ ဒါကြောင့် အခုအဝေးကွင်းပွဲမှာ ဘာစီလိုနာကို မျှော်လင့်ချက်အများကြီးထားလို့တော့ မဖြစ်သေးဘူး။ အထူးသဖြင့်အိမ်ကွင်းပွဲတိုင်းကို ဂိုးရအောင်ကစားထားနိုင်တဲ့ ဘက်တစ်တိုက်စစ်က ဘာစီလိုနာခံစစ်ကို အဓိကဒုက္ခပေးနိုင်တဲ့နေရာ ဖြစ်နေတယ်။ ဒါပေမဲ့ ဘက်တစ်ကလည်း ခံစစ်ပိုင်းစိတ်မချရတဲ့အသင်းဖြစ်နေတယ်။ ဒါ့ပြင် ဒီနှစ်သင်းတွေ့ဆုံတဲ့ အစဉ်အလာတွေအရလည်း ဘာစီလိုနာက အသာရနေတာကလည်း အားသာမှုလို ပါပဲ။ ခံစစ်သိပ်မငြိမ်ကြတဲ့ ဒီနှစ်သင်းအတွေ့မှာ အပြန်အလှန် သွင်းဂိုးတွေကိုတော့ မျှော်လင့်လို့ရနေတာ အမှန်ပဲ။ အနိုင်ရလဒ်ဆိုရင်တော့ မက်ဆီ ဦးဆောင်လာပြီး ရီးယဲလ်နဲ့ ချန်ပီယံ အပြိုင်လုနေရတဲ့ ဘာစီလိုနာကိုပဲ ရွေးမယ်။ ဂိုးများမယ်။