၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွက် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်အပါအဝင် ယာဉ်တန်ဖိုးစံနှုန်းများ သတ်မှတ်ရာတွင် မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းများနှင့် ညှိနှိုင်းမည့်အစီအစဉ်ရှိကြောင်း စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီး ပြောကြား

၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွက် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်အပါအဝင် ယာဉ်တန်ဖိုးစံနှုန်းများ သတ်မှတ်ရာတွင် မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းများနှင့် ညှိနှိုင်းမည့်အစီအစဉ်ရှိကြောင်း စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီး ပြောကြား
Published 8 February 2020
စည်သူ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မော် တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီး ဆိုင်ကယ်၊ ထော်လာဂျီနှင့် ရေယာဉ်တန်ဖိုး စံနှုန်းများ သတ်မှတ်ရာတွင် မော်တော်ယာဉ် ရောင်းဝယ်ရေးအသင်းများနှင့် ညှိနှိုင်းသတ် မှတ်ပေးမည့်အစီအစဉ်ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၇ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဇမ္ဗူ သီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးဖြိုးဇေယျာသော် (ခ) ဇေယျာ သော် မေးမြန်းသော ယာဉ်ပိုင်ရှင်အမည် ပြောင်းလဲရာတွင် အခွန်ရာဖြတ်ဌာနမှ ယာဉ် တန်ဖိုးများကို မည်ကဲ့သို့သတ်မှတ်ပြီး ကာ လပေါက်စျေးနှင့် ကွာခြားလျက်ရှိသည့် မော် တော်ယာဉ် စျေးနှုန်းများကို မော်တော်ယာဉ် ရောင်းဝယ်ရေးအသင်းများနှင့် ပေါင်းစပ်ညှိ နှိုင်းကာ ပြင်ဆင်သတ်မှတ်ပေးရန် အစီအ စဉ်ရှိမရှိနှင့် စပ်လျဉ်းသည့် မေးခွန်းကို ဒုတိယ ဝန်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။

“စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မော်တော် ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ထော်လာဂျီနှင့် ရေယာဉ်တန်ဖိုးစံနှုန်းများ သတ်မှတ်ရာတွင် မော်တော်ယာဉ်ရောင်းဝယ် ရေးအသင်းများနှင့် ပေါင်းစပ်ညှိနှိုင်းကာ သတ်မှတ်ပေးမည့်အစီအစဉ်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်”ဟု ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြား သည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနသည် မော်တော်ယာဉ်များ၏ တန်ဖိုးသတ်မှတ်ရာ ၌ တစ်နိုင်ငံလုံး တစ်ပြေးညီဖြစ်စေရန်အ တွက် ၂၀၀၃-၂၀၀၄ ဘဏ္ဍာနှစ်မှစတင်၍ မော်တော်ယာဉ်တန်ဖိုးစံနှုန်းများ သတ်မှတ် ခဲ့ပြီး စီမံချက်ရေးဆွဲ၍ ရန်ကုန်တိုင်းဒေသ ကြီးတွင် စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ကြောင်း၊ မော်တော်ယာဉ်တန်ဖိုးစံနှုန်း သတ်မှတ်သည့် လုပ်ငန်းစဉ်မှာ ပထမဦးစွာ ဘဏ္ဍာရေးနှစ် မစတင်မီ သုံးလခန့် ကြိုတင် ၍ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စျေးကွက်အတွင်း ဖြစ်ပေါ်လျက်ရှိသော အရောင်းအဝယ် စျေးနှုန်းများကို စုံစမ်းပြုစု ၍ ပြန်လည်တင်ပြစေလိုကြောင်း ၎င်းင်းက ပြောကြားသည်။

ထိုသို့ပြန်လည်တင်ပြလာသည့် စျေး နှုန်းများကို အခြေခံ၍ လက်ရှိကားအရောင်း အဝယ်စျေးကွက်အတွင်းရှိ အရောင်းအဝယ် ကျွမ်းကျင်သူ လုပ်ငန်းရှင်များနှင့် တိုင်ပင် ဆွေးနွေးခြင်း၊ ပြညောမေ ဃမျေ ီြ တွင် လေ့လာခြင်းတို့ကို ဆက်လက်ဆောင်ရွက် ရန် စံနှုန်းများကို အကြမ်းဖျဉ်းသတ်မှတ်ကာ မော်တော်ယာဉ်တန်ဖိုးစံနှုန်းများအား အ တည်မပြုမီ မော်တော်ယာဉ်ကျွမ်းကျင်သူ များနှင့် အသေးစိတ်ထပ်မံဆွေးနွေးပြီး ပြင်ပ ပေါက်စျေးနှင့် အနီးစပ်ဆုံးခန့်မှန်းတွက်ချက် ဆောင်ရွက်ပြီးမှသာ ပွင့်လင်းမြင်သာစွာ ထုတ် ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒုတိယဝန် ကြီးက ပြောကြားသည်။

လက်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန ၏ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ထော်လာဂျီနှင့် ရေယာဉ် တန်ဖိုးစံနှုန်းများသည် ပြင်ပပေါက်စျေးနှင့် အနီးစပ်ဆုံးတန်ဖိုးသတ်မှတ်ထားခြင်းဖြစ် ကြောင်း၊ ထိုသို့သတ်မှတ်ထားမှုအပေါ် မူ တည်၍ ပြင်ပပေါက်စျေးနှင့် ကွာခြားမှု အ နည်းငယ်ရှိကြောင်းနှင့် မော်တော်ယာဉ်တန် ဖိုးစံနှုန်းသတ်မှတ်ရာတွင် ခြွင်းချက်အဖြစ် ထည့်သွင်းစဉ်းစားပြီး စံနှုန်းနှင့် ပြင်ပပေါက် စျေးတို့ ကွာခြားမှုရှိပါက သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှတစ်ဆင့် တိုင်းဒေသ ကြီး/ပြည်နယ်ရုံးများသို့ တင်ပြစေပြီး တိုင်း ဒေသကြီး/ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံး များက မော်တော်ယာဉ်၏ အခြေအနေပေါ် မူတည်၍ သင့်လျော်သည့် စျေးနှုန်းသတ်မှတ် ပေးရန် လုပ်ပိုင်ခွင့်ပေးထားကြောင်း ဒုတိယ ဝန်ကြီးက ပြောကြားသည်။

ဆက်လက်ပြီး အမည်ပေါက်ပြောင်းလဲ ခြင်းနှင့်ပတ်သက်၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထား သည့် မော်တော်ယာဉ်များ (နှစ်ဘီးတပ်ယာဉ် မပါ) ၏ ယာဉ်ပိုင်ဆိုင်သူအမည်နှင့် နေရပ် လိပ်စာမှန်ကန်စေရေးအတွက် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ အရ အခွန်သက်သာခွင့် ပြုထားသည့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ယာဉ်ပိုင်ရှင် အမည်ပြောင်းလဲခြင်း ဆောင်ရွက်နိုင်ရန် ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန က ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေပုဒ်မ ၁၂၊ ၁၃ တို့နှင့်အညီ ညွှန်ကြားချက်အမှတ် (၁၂/၂၀၁၉) ကို ထုတ်ပြန်ထားကြောင်း ၎င်းင်း က ပြောကြားသည်။

အဆိုပါညွှန်ကြားချက်အရ ၂၀၂၀ ပြည့် နှစ် ဇန်နဝါရီ ၁ ရက်မှစတင်ပြီး မော်တော် ယာဉ်အမည်ပေါက် ပိုင်ဆိုင်သူများကိုသာ သက်တမ်းတိုးခြင်းအပါအဝင် ယာဉ်မှတ်ပုံ တင်ခြင်းလုပ်ငန်များ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ အမည်ပေါက်မဟုတ်ပါက ပြည် တွင်းအခွန်များဦးစီးဌာနတွင် ဝယ်ယူခွန်ပေး ဆောင်ထားသော အခွန်ပုံစံ (၁) ပါရှိမှသာ ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများမှတစ်ဆင့် အသိပေးကြေ ညာလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြော ကြားသည်။                     

 

Most Read

Most Recent