ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေကို ကျပ်သိန်း ၁၀၀၀ မှ ကျပ်သိန်း ၂၀၀၀ သို့မဟုတ် အခြားပမာဏတစ်ခုသို့ တိုးမြှင့်သုံးစွဲခွင့်ပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တောင်းဆို

ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေကို ကျပ်သိန်း ၁၀၀၀ မှ ကျပ်သိန်း ၂၀၀၀ သို့မဟုတ် အခြားပမာဏတစ်ခုသို့ တိုးမြှင့်သုံးစွဲခွင့်ပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တောင်းဆို
Published 8 February 2020
စည်သူ

ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေကို ကျပ်သိန်း ၁၀၀၀ မှ ကျပ်သိန်း ၂၀၀၀ သို့မ ဟုတ် အခြားပမာဏတစ်ခုသို့ တိုးမြှင့်သုံးစွဲ ခွင့်ပေးရန် အစီအစဉ်ရှိ မရှိ ပြည်သူ့လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ကြောင်း သိရ သည်။

နေပြည်တော်၌ ဖေဖော်ဝါရီ ၇ ရက်က ပြုလုပ်သော  ပြည်သူ့လွှတ်တော်အစည်းအ ဝေးတွင် ကောလင်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင် က အထက်ပါမေးခွန်းကို မေးမြန်းခဲ့ခြင်းဖြစ် သည်။

“ရန်ပုံငွေ တိုးပေးစေလိုတဲ့ အဓိကအ ကြောင်းရင်း သုံးချက်ကို တင်ပြလိုပါတယ်။ ဒီရန်ပုံငွေဟာ ပြည်သူလူထုကိုယ်တိုင် ကိုင် တွယ်သုံးစွဲပြီး လုပ်ငန်းအကောင်အထည်  ဖော်ရတဲ့အတွက် ကိုယ်နဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ကို ရစေပါတယ်။ ဌာနဆိုင်ရာနဲ့ ကုမ္ပဏီ အသီးသီးက လာရောက်ဆောင်ရွက်သွားတဲ့ လမ်းတံတားတွေထက် ပြည်သူလူထုတွေက သူတို့ကိုယ်တိုင် လုပ်ရတာကို အားရကြပါ တယ်။ နောက်တစ်ချက်က ပေးတဲ့ငွေနဲ့ အ ကျိုးရလဒ် အချိုးမြင့်မားတာဖြစ်ပါတယ်။ သိန်း ၅၀ လောက်ရန်ပုံငွေချပေးလိုက်တာနဲ့ သိန်း ၁၀၀ ဖိုးလောက် လုပ်ကြပါတယ်။ ကျေး ရွာတွေက သူတို့ကိုယ်တိုင် ရန်ပုံငွေ ထည့် ဝင်တဲ့အပြင် လူအားပါ ပါဝင်ဆောင်ရွက်ကြ တဲ့အတွက် အလုပ်သမားခကအစ သက်သာ ပြီး လုပ်ငန်းအောင်မြင်မှု မြင့်မားပါတယ်။ အဓိကအချက်ကတော့ မဲဆန္ဒနယ်တွေရဲ့ လို အပ်ချက်မြင့်မားတာဖြစ်ပါတယ်။ ကောလင်း မှာဆိုရင် ကျေးရွာပေါင်း ၂၁၁ ရွာ ရှိပါတယ်” ဟု မေးခွန်းရှင် ဦးမျိုးဇော်အောင်က ပြော ကြားသည်။

ကျေးရွာအသီးသီးကို ဆက်သွယ်ထား သည့် လမ်းအများစုသည် ပြုပြင်ရန် လိုအပ် နေပြီး ပြုပြင်ရန်လိုအပ်နေသော တံတားများ စွာလည်း ရှိကြောင်း၊ ကျေးရွာများကို ထိုက် သင့်သည့်ရန်ပုံငွေ ပေးလိုက်ပါက ကျေးရွာ များက စိုက်ထုတ်ပြီး အဆင်ပြေသွားရန် ပြုပြင်ကြကြောင်းနှင့် လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေလုပ်ငန်များ အကောင်အထည်ဖော် သည့်နေရာတွင် အားနည်းချက်အချို့ရှိသည် ကို ဝန်ခံကြောင်းနှင့် ယင်းအားနည်းချက်များ ကို နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်နေ ကြကြောင်း ၎င်းင်းက ပြောကြားသည်။

ဖွံ့ဖြိုးရေးရန်ပုံငွေသည် ပြည်ထောင်စု လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေနှင့်အ ညီပေးအပ်သည့် ရန်ပုံငွေဖြစ်ပြီး ပြည်သူလူ ထု၏ အခြေခံလိုအပ်ချက်ဖြစ်သည့် လမ်း၊ တံတားနှင့် ရေရရှိရေးကိစ္စရပ်များကို ဦးစား ပေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လွှတ် တော်ရန်ပုံငွေဟု ခေါ်သော်လည်း ဌာနဆိုင် ရာအသီးသီး အုပ်ချုပ်ရေးမှူးအသီးသီးသာ မက အခြေခံပြည်သူလူထုဖြင့်ပါ ပူပေါင်း ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်ကြောင်း မေးခွန်းရှင်က ပြောကြားသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသည် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဥပဒေအရ တိုင်းဒေသကြီး/ပြည် နယ်များသို့ ထောက်ပံ့ရမည့် ဖွံ့ဖြိုးရေးရန်ပုံ ငွေများကို ပြည်ထောင်စုလွှတ်တော်ရုံးက အကြောင်းကြားလာသည့်အတိုင်း မြို့နယ် တစ်မြို့နယ်အတွက် ကျပ်သိန်း ၁၀၀၀ စီဖြင့် မြို့နယ် ၃၃၀ အတွက် ကျပ် ၃၃ ဘီလျံကို ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်မှ စတင် ပြီး နှစ်စဉ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေတွင် ထည့်သွင်းလျာထား ပေးလျက်ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းက လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းအပေါ် ပြန်လည်ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ ဖြိုးရေးရန်ပုံငွေကို ကျပ်သိန်း ၁၀၀၀ မှ ကျပ် သိန်း ၂၀၀၀ သို့မဟုတ် အခြားပမာဏတစ်ခု သို့ တိုးမြှင့်သုံးစွဲရန်ကိစ္စသည် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေ နှင့်အညီ ဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်း ၎င်းက ပြောကြားသည်။                    

 

 

 

Most Read

Most Recent