ပရီးမီးယားလိဂ်ပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 2 February 2020

ဘန်လေ - အာဆင်နယ် (တနင်္ဂနွေည ၈:၃၀ နာရီ)

ဘန်လေက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ မန်ယူကို အနိုင်ယူခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ်မှာ (၂)ပွဲဆက် နိုင်ပွဲကို ယူနိုင်ခဲ့ပေမယ့် FA ဖလားပွဲမှာ စိတ်ပျက်စရာရလဒ်နဲ့ ကြုံတွေ့ခဲ့ရတယ်။ အာဆင်နယ်ကတော့ အနည်းငယ်တိုးတက်လာပုံပြပေမယ့် ရလဒ်ပိုင်းကတော့ ထင်သလောက်အားရစရာမဟုတ်သေးဘူး။ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် ဒီလိုပွဲတွေက အနိုင်ရသင့်ပေမယ့် ခက်ခဲပါတယ်။ သရေကျသွားနိုင်တယ်။ 

စပါး - မန်စီးတီး (တနင်္ဂနွေည ၁၁:၀၀ နာရီ)

မော်ရင်ဟိုလက်ထက် စပါးက အစောပိုင်းမှာ ရလဒ်ကောင်းတွေယူခဲ့ပေမယ့် လက်ရှိအချိန်အထိဆိုရင်တော့ အားရစရာမရှိဘူး။ Below Expectation လို့ပဲ ပြောရမယ်။ ဒါပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ နောဝစ်ချ်အသင်းနဲ့ပွဲမှာတော့ သူတို့အသင်း ကစားခဲ့ပုံကောင်းပါတယ်။ ဒဏ်ရာကြောင့် ဟာရီကိန်းအနားယူနေရတဲ့အတွက် တိုက်စစ်ပိုင်းက အားနည်းပေမယ့် ဆွန်ဟောင်မင်က တိုက်စစ်ကိုဦးဆောင်နိုင်မှာပါ။ မန်စီးတီးကတော့ ဒုတိယနေရာကို ပြန်တက်လာခဲ့ပြီး အသင်းရဲ့ တိုက်စစ်ပိုင်းကလည်း အားရစရာကောင်းတယ်။ ကစားသမား အင်အားတောင့်တင်းသလို၊ နေရာစုံမှာ ခြေစွမ်းပြနေတဲ့ကစားသမားတွေရှိတယ်။ ခံစစ် ပြဿနာတစ်ခုပဲ စိုးရိမ်စရာဖြစ်ပြီး တိုက်စစ်နဲ့ ကွင်းလယ်က စပါးကို စိုးမိုးထားမှာပါ။ မော်ရင်ဟိုက တန်ပြန်တိုက်စစ်နဲ့ပဲ ပြင်ဆင်လာမှာဖြစ်ပြီး ပိုချက်တီနိုလက်ထက်မှာ မန်စီးတီးကို ဒုက္ခပေးနိုင်ခဲ့တဲ့ စပါးရဲ့ပုံစံမျိုး မြင်ရဖို့မလွယ်ဘူးလို့ ထင်တယ်။ စပါးကွင်းဆိုပေမယ့် မန်စီးတီးကိုပဲ ကြိုက်တယ်။ 

 

Most Read

Most Recent