Non-League ဘောလုံးသမားတစ်ဦးဖြစ်သူ ဆင်နော့သည် စနေနေ့နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော ရန်ပွဲနှစ်ခုတွင် ပါဝင်ခဲ့ပြီး ဦးခေါင်းခွံကွဲကာ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူ၏မိသားစုက အစီအစဉ်တစ်ခု ပြုလုပ်ခဲ့ပြီး အင်္ဂလန်တစ်ဝှမ်းရှိ နာမည်ကျော်ဘောလုံးသမားများထံမှ "Sinnott 25"ဟုရေးထိုးထားသည့် ရှပ်အင်္ကျီများ တောင်းခံခဲ့သည်။
ပြီးခဲ့သည့်ဇန်နဝါရီ (၂၅)ရက်နေ့က ရန်ပွဲဖြစ်ပွားရာတွင် အပြင်းအထန်ဒဏ်ရာရရှိပြီး ကွယ်လွန်ခဲ့သည့် မတ်လော့တောင်း ကွင်းလယ်လူဂျော်ဒန်ဆင်နော့အားရည်စူးပြီး လှူဒါန်းမည့်ရန်ပုံငွေအစီအစဉ်တွင် အင်္ဂ လန်တစ်ဝှမ်းရှိ နာမည်ကျော်ဘောလုံးသမားများစွာ ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။

Non-League ဘောလုံးသမားတစ်ဦးဖြစ်သူ ဆင်နော့သည် စနေနေ့နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော ရန်ပွဲနှစ်ခုတွင် ပါဝင်ခဲ့ပြီး ဦးခေါင်းခွံကွဲကာ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူ၏မိသားစုက အစီအစဉ်တစ်ခု ပြုလုပ်ခဲ့ပြီး အင်္ဂလန်တစ်ဝှမ်းရှိ နာမည်ကျော်ဘောလုံးသမားများထံမှ "Sinnott 25"ဟုရေးထိုးထားသည့် ရှပ်အင်္ကျီများ တောင်းခံခဲ့သည်။

ယင်းရှပ်အင်္ကျီများတွင် ကလပ်အသင်းအသီးသီးမှ နာမည်ကျော်ဘောလုံးသမားများက ၎င်းတို့၏လက်မှတ်များကို ကိုယ်စီရေးထိုးကာ သူ၏မိသားစုထံ ပေးပို့ခဲ့ကြပြီး ယင်းအင်္ကျီများအား ဆင်နော့၏ ဈာပနတွင် ပြသထားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Sport Relief အဖွဲ့သို့ ယင်းရှပ်အင်္ကျီများကို လှူဒါန်းသွားမည်ဖြစ်ပြီး ယင်းအဖွဲ့မှ အင်္ကျီများကို လေလံတင်ရောင်းချကာ ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယင်းအစီအစဉ်တွင် ဂျရတ်၊ ဟန်ဒါဆန်၊ ရီးစ်ဂျိမ်းစ်၊ ကလယ်ဗာလေအစရှိသည့် နာမည်ကျော်များစွာ ပါဝင်ခဲ့ကြကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။