မြန်မာနိုင်ငံ၏ ရမ်ဆာဒေသများနှင့် ပလိပ်အင်း၊ ပြူကန်တို့တွင် အာရှရေငှက်စာရင်း ကောက်ယူခြင်းပြုလုပ်ပြီး ပို့ချပ်ခေါင်းစိမ်း အပါအဝင် ရှားပါးငှက်မျိုးစိတ်များ မှတ်တမ်းတင်နိုင်ခဲ့

မြန်မာနိုင်ငံ၏ ရမ်ဆာဒေသများနှင့် ပလိပ်အင်း၊ ပြူကန်တို့တွင် အာရှရေငှက်စာရင်း ကောက်ယူခြင်းပြုလုပ်ပြီး ပို့ချပ်ခေါင်းစိမ်း အပါအဝင် ရှားပါးငှက်မျိုးစိတ်များ မှတ်တမ်းတင်နိုင်ခဲ့
အင်းတော်ကြီးအင်းတွင် ဇန်နဝါရီ ၁၂ ရက်က ရေငှက်စာရင်း ကောက်ယူ‌ခဲ့စဉ် (ဓာတ်ပုံ - Asian Waterbird Census-Myanmar)
အင်းတော်ကြီးအင်းတွင် ဇန်နဝါရီ ၁၂ ရက်က ရေငှက်စာရင်း ကောက်ယူ‌ခဲ့စဉ် (ဓာတ်ပုံ - Asian Waterbird Census-Myanmar)
Published 20 January 2020
မဖေငြိမ်း

မြန်မာနိုင်ငံ၏ ရမ်ဆာဒေသများနှင့် ပလိပ်အင်း၊ ပြူကန်တို့တွင် အာရှရေငှက်စာရင်း ကောက်ယူခြင်းပြုလုပ်ခဲ့ပြီး ပို့ချပ်ခေါင်းစိမ်း အပါအဝင် ရှားပါးငှက်မျိုးစိတ်များ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ရမ်ဆာဒေသများဖြစ် သော အင်းတော်ကြီးအင်း၊ အင်းလေးကန်၊မိုး ယွန်းကြီးအင်းနှင့်မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ထိန်းသိမ်းရေးအတွက် အရေးကြီးဒေသများ ဖြစ်သည့် ပုလိပ်အင်းနှင့် ပြူကန်တို့တွင် ၂၀၂၀ ပြည့်နှစ်အတွက် အာရှရေငှက်စာရင်းကောက် ယူခြင်းကို ဘေးမဲ့တောအုပ်ချုပ်ရေးဝန်ထမ်း များ၊ တက္ကသိုလ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ငှက်ပညာရှင်၊ ငှက်ကြည့် ၀ါသနာရှင်များစုပေါင်း၍ ဇန်နဝါရီ ၁၂ ရက်က ကောက်ယူခဲ့ကြသည်။

ထိုသို့ကောက်ယူရာတွင် အင်းတော်ကြီး အင်းတွင် ရေငှက်နှင့် ရေဝပ်ဒေသမှီခိုသော ငှက်မျိုးစိတ် ၅၃ မျိုး၊ အကောင်ရေ ၂၅၀၀၀ ကျော်အပါအဝင် ငှက်မျိုးစိတ်ပေါင်း ၉၃ မျိုး၊ အင်းလေးကန်တွင် ရေငှက်မျိုးစိတ်စုစုပေါင်း ၃၆ မျိုး၊ ရေငှက်ကောင်ရေ ၁၃၂၇၁ ကောင် နှင့် ရေဝပ်ဒေသကို မှီခိုကျက်စားသော ကုန်းငှက်မျိုးစိတ်စုစုပေါင်း ၅၅ မျိုး၊ ကောင်ရေ၂၀၁၅ ကောင်၊ မိုးယွန်းကြီးအင်းတွင် ရေငှက်နှင့်ရေ ဝပ်ဒေသမှီခိုသော ငှက်မျိုးစိတ် ၃၅ မျိုး အ ကောင်ရေ ၁၅၀၀၀ ကျော်အပါအဝင် ငှက်မျိုး စိတ်ပေါင်း ၈၄ မျိုး၊ ပုလိပ်အင်းတွင် ရှားပါးမျိုးစိတ် ပို့ချပ်ခေါင်းစိမ်း အပါအဝင် ရေငှက်မျိုး စိတ် ၃၂ မျိုး ငှက်ကောင်ရေ ၁၅၀၀ ကျော်နှင့် ပြူကန်တွင် ရေငှက်မျိုးစိတ် ၂၉ မျိုး ငှက်ကောင်ရေ ၁၁၀၀ ကျော် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း Asian Waterbird Census-Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရေငှက်များ၏ အရေအတွက်အား ခန့်မှန်းနိုင်ရန်၊ ရေငှက်အကောင်ရေ ပြောင်းလဲမှုနှင့် ပျံ့နှံ့နေထိုင်မှုအား စောင့်ကြည့်လေ့လာရန်၊ လူသိနည်းသော ရေငှက်များမျိုးစိတ်များနှင့် ရေဝပ်ဒေသများ အကြောင်းအား ပိုမိုသိရှိလာစေရန်နှင့် ရေငှက်များနှင့် ရေဝပ်ဒေသများ၏ အရေးပါမှုအား နိုင်ငံတကာအဆင့်၊ နိုင်ငံအဆင့်နှင့် ဒေသအဆင့် ပိုမိုသိရှိလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ရေငှက်စာရင်း ကောက်ယူခြင်းဖြစ်ပြီး‌ မြန်မာနိုင်ငံရေငှက်စာရင်း ကောက်ယူမှု မှတ်တမ်းအရ ၂၀၀၃ ခု နှစ်မှ ၂၀၁၉ အတွင်း စုစုပေါင်း ငှက်မျိုးစိတ် သစ် ၄၂ မျိုး ရှာတွေ့နိုင်ခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့( မြန်မာနိုင်ငံအစီအစဉ်) မှ ငှက်ကျွမ်းကျင် ပညာရှင် ဦးသက်ဇော်နိုင်၏ ပြောကြားချက်အရ သိရသည်။

အာရှရေငှက်စာရင်း ကောက်ယူခြင်းကို အာရှနိုင်ငံများ အပါအဝင် နိုင်ငံ၂၅ နိုင်ငံတွင်လည်း နှစ်စဉ် ဇန်နဝါရီလ ဒုတိယပတ်နှင့် တတိယပတ်တို့တွင် ပြုလုပ်ကြကြောင်း သိရသည်။

 

Most Read

Most Recent