ဒိုင်လူကြီး၏ကား ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ဆိုက်ပရပ်စ်လိဂ်ပွဲများ အကန့်အသတ်မရှိရွှေ့ဆိုင်း

ဒိုင်လူကြီး၏ကား ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ဆိုက်ပရပ်စ်လိဂ်ပွဲများ အကန့်အသတ်မရှိရွှေ့ဆိုင်း
Photo: nytimes
Photo: nytimes
Published 19 January 2020

CFA ၏ကြေညာချက်တွင် လာနာကာမြို့၌ဖြစ်ပွားခဲ့သော ယင်းဖြစ်စဉ်သည် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်သဖြင့် ပြစ်တင်ရှုတ်ချကြောင်း ရေးသားခဲ့ပြီး ဆိုက်ပရပ်စ်ဘောလုံးလောကတစ်ခုလုံးအတွက် ထိုးနှက်ချက်ဖြစ်ကြောင်းနှင့် ဒိုင်လူကြီးများအကြားတွင် အကြောက်တရား ပိုမိုတိုးပွားလာစေသည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။

 

ဒိုင်လူကြီးတစ်ဦး၏ကား ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ဆိုက်ပရပ်စ်လိဂ်ပွဲများအားလုံးကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ကြောင်း ဆိုက်ပရပ်စ်ဘောလုံးအဖွဲ့ချုပ်(CFA) က အတည်ပြုကြေညာခဲ့သည်။

CFA ၏ကြေညာချက်တွင် လာနာကာမြို့၌ဖြစ်ပွားခဲ့သော ယင်းဖြစ်စဉ်သည် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်သဖြင့် ပြစ်တင်ရှုတ်ချကြောင်း ရေးသားခဲ့ပြီး ဆိုက်ပရပ်စ်ဘောလုံးလောကတစ်ခုလုံးအတွက် ထိုးနှက်ချက်ဖြစ်ကြောင်းနှင့် ဒိုင်လူကြီးများအကြားတွင် အကြောက်တရား ပိုမိုတိုးပွားလာစေသည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။

အဆိုပါဖြစ်ရပ်မှာ အသက် ၃၃ နှစ်အရွယ်ရှိ အန်ဒရီးစ်ကွန်စတန်တီနူးဆိုသူ ဒိုင်လူကြီး၏ကားမှာ ၎င်းနေထိုင်ရာတိုက်ခန်းရှိ ကားပါကင်တွင် ရပ်နားထားစဉ် ဗုံးခွဲတိုက်ခိုက်ခြင်း ခံခဲ့ရခြင်းဖြစ်ပြီး ယင်းမှာ လုပ်ပွဲဂယက်နှင့်ဆက်စပ်မှုရှိနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

" ဒီရွှေ့ဆိုင်းမှုက အခုပွဲစဉ်တစ်ခုတည်း မဟုတ်သလို၊ အတိအကျမရှိသေးပါဘူး။ CFA၊ အစိုးရကိုယ်စားလှယ်တစ်ဦးဦးနဲ့ ဆွေးနွေးသွားလိုပါတယ်" ဟု ဒိုင်လူကြီးအဖွဲ့အစည်း အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒီမီထရူက ပြောကြားခဲ့သည်။

 

 

Most Read

Most Recent