စီးရီးအေပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်
Photo: AP
Photo: AP
Published 19 January 2020

အေစီမီလန် - အူဒီးနီးစ် (တနင်္ဂနွေည ၆:၀၀ နာရီ)

 (၃)ပွဲဆက် နိုင်ပွဲယူပြီး တန်းဆင်းအန္တရာယ်အငွေ့အသက်ကို အူဒီးနီးစ် ရှောင်လွှဲနိုင်ခဲ့ပါပြီ။ လက်ရှိကစားပုံက အေစီမီလန်ထက် ပိုတည်ငြိမ်နေတာလည်း တွေ့ရတယ်။ ဒါပေမဲ့ အေစီမီလန်က ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ကစားသမားတွေ ပိုပါဝင်နေပြီး အီဘရာဟီမိုဗစ် ဂိုးပေါက်တွေ့ထားကလည်း အားသာချက်တစ်ခုလို ဖြစ်နေတယ်။ ဆန်စီရိုမှာ အီဘရာဟီမိုဗစ် ဂိုးပေါက်တွေ့နိုင်ပြီး အေစီမီလန် အနိုင်သေချာပါတယ်။ 

ဘရက်စီယာ - ကာဂလီယာရီ (တနင်္ဂနွေည ၈:၃၀ နာရီ)

ကာဂလီယာရီက တဖြည်းဖြည်းနဲ့ နေရာမှန်ကို သွားနေသလိုပဲ။ အဝေးကွင်းမာဂုဏ်တွေလည်း ပျောက်ဆုံးနေပါတယ်။ ဘရက်စီယာက ဒီရာသီစီးရီးအေမှာ အိမ်ကွင်းရလဒ်အဆိုးဆုံးအသင်းဖြစ်ပေမယ့် ဒီပွဲမှာ အမှတ်ရပါမယ်။ 

ဘိုလော့ဂ်နာ - ဗီရိုနာ (တနင်္ဂနွေည ၈:၃၀ နာရီ)

ဗီရိုနာက ခြေစွမ်းအတက်ဘက်ရောက်နေပြီး ဘိုလော့ဂ်နာက အကျဘက်ရောက်နေပါတယ်။ အဝေးကွင်းနောက်ဆုံးပွဲမှာလည်း ဗီရိုနာ နိုင်ပွဲရထားလို့ ဘိုလော့ဂ်နာ သတိထားရပါမယ်။ သရေကျဖို့များပြီး ဘိုလော့ဂ်နာ ကပ်နိုင်သွားဖို့လည်းရှိတယ်။

လက်ချီ - အင်တာမီလန် (တနင်္ဂနွေည ၈:၃၀ နာရီ)

ဒဏ်ရာပြဿနာတချို့ရှိနေလို့ ကွန်တီရဲ့ အင်တာမီလန် ရလဒ်တွေကျဆင်းလာတယ်။ လူကာကူနဲ့ မာတီနက်ဇ်တို့ အတွဲညီနေဆဲဖြစ်ပေမယ့် ကွင်းလယ်လုပ်အားနှုန်း မတည်ငြိမ်ဘူးဖြစ်နေတယ်။ လက်ချီရဲ့ လက်ရှိခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းက အင်တာမီလန်ကို မယှဉ်နိုင်ပေမယ့် အိမ်ကွင်းမှာ ပိတ်ဆို့ကစားပြီး အမှတ်ရရှိရေးမျှော်လင့်ချက် အသက်သွင်းပါလိမ့်မယ်။ ဒါပေမဲ့ ဒီပွဲက အင်တာမီလန် (၂)ဂိုးပြတ်အနိုင်ရမယ့်ပွဲမျိုးပါပဲ။ 

ဂျီနိုအာ - ရိုးမား (တနင်္ဂနွေည ၁၁:၃၀ နာရီ)

ဂျီနိုအာရဲ့ တန်းဆင်းဇုန်ရုန်းအားကို ရိုးမား သတိထားရပါမယ်။ ကစားပုံအရ ရိုးမားကို ယှဉ်နိုင်စွမ်းမရှိပေမယ့် အိမ်ကွင်း နောက်ဆုံးပွဲမှာ ဂျီနိုအာ နိုင်ပွဲပြန်ယူထားလို့ စိတ်ဓာတ်တက်နေ နိုင်တယ်။ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင်ချက်အတွက် အမှားခံ လို့မရတဲ့ ရိုးမားက အဝေးကွင်းနောက်ဆုံး (၁၃)ပွဲမှာ (၁၂)ပွဲ အထိရှုံးပွဲမရှိဘဲ ရလဒ်ကောင်းထားလို့ ဒီပွဲမှာလည်း ဂျီနိုအာကို ကပ်နိုင်သွားမယ်ထင်တယ်။ 

ဂျူဗင်တပ်စ် - ပါးမား (တနင်္လာနံနက် ၂:၁၅ နာရီ)

ဦးဆောင်သူနေရာကို ဂျူဗင်တပ်စ် လွတ်လွတ်ကျွတ်ကျွတ် ပြန်လည်သိမ်းပိုက်လိုက်ပါပြီ။ အင်တာမီလန်နဲ့ (၂)မှတ်ကွာ အနေအထားကို ဆက်လက်ထိန်းသိမ်းသွားမယ့် ဂျူဗင်တပ်စ်အတွက် ဒီလိုပွဲမျိုးမှာ အမှားခံမယ်မထင်ဘူး။ စီရော်နယ်လ်ဒို ပုံစံကောင်းပြန်ရနေသလို၊ ဂျူဗင်တပ်စ်ရဲ့ ကွင်းလယ်လုပ်အားနှုန်းလည်း တိုးတက်လာလို့ ပါးမားကို အသာစီးယူနိုင်ပါဦးမယ်။ ပါးမားက ပထမအကျော့မှာ ဂျူဗင်တပ်စ်ကို ဒုက္ခပေးထားသလို၊ လက်ရှိခြေစွမ်းအရလည်း ဂျူဗင်တပ်စ်ကို အကောင်းဆုံးတုံ့ပြန် နိုင်ပါလိမ့်မယ်။ ပါးမားတိုက်စစ်ကစားပုံ ကောင်းမွန်သလို၊ ဂျာဗင်ဟို၊ ကော်နယ်လီယပ်စ်တို့လိုကစားသမားတွေလည်း ရှိနေလို့ သိပ်ပြီးမတည်ငြိမ်တဲ့ ဂျူဗင်တပ်စ် ခံစစ်သတိထားရမယ်။ အိမ်ကွင်းနောက်ဆုံး (၉)ပွဲမှာ (၈)ပွဲအထိ ဂျူဗင်တပ်စ် အနည်းဆုံး (၂) ဂိုးသွင်းယူထားနိုင်လို့ ဒီပွဲမှာလည်း (၂)ဂိုးသွင်းပါလိမ့်မယ်။ ဂိုးတော့ပြန်ပေးရနိုင်တယ်။

 

Most Read

Most Recent