၂၀၁၈ ဘဏ္ဍာနှစ်တွင် UEFA အဖွဲ့ဝင် ကလပ်အသင်းများ၏ ဝင်ငွေစုစုပေါင်း ယူရို (၂၁) ဘီလျံရှိပြီး ဥရောပထိပ်တန်းလိဂ်(၅)ခုက ဝင်ငွေအားလုံး၏ (၇၅%)အထိ ရရှိခဲ့

၂၀၁၈ ဘဏ္ဍာနှစ်တွင် UEFA အဖွဲ့ဝင် ကလပ်အသင်းများ၏ ဝင်ငွေစုစုပေါင်း ယူရို (၂၁) ဘီလျံရှိပြီး ဥရောပထိပ်တန်းလိဂ်(၅)ခုက ဝင်ငွေအားလုံး၏ (၇၅%)အထိ ရရှိခဲ့
Photo: UEFA
Photo: UEFA
Published 18 January 2020

၂၀၁၈ ဘဏ္ဍာနှစ်တွင် ဥရောပဘောလုံး အဖွဲ့ချုပ် UEFA အဖွဲ့ဝင် ကလပ်အသင်း များ၏ ဝင်ငွေစုစုပေါင်းမှာ ယူရို (၂၁) ဘီလျံရှိ ပြီး ဥရောပထိပ်တန်းလိဂ်(၅)ခုက ဝင်ငွေအားလုံး၏ (၇၅) ရာခိုင်နှုန်းအထိ ရရှိခဲ့ကြောင်း သိရသည်။

ဘဏ္ဍာနှစ်အလိုက် အစီရင်ခံစာကို (၁၁) ကြိမ်မြောက် ထုတ်ပြန်ခြင်းဖြစ်ပြီး UEFA အဖွဲ့ဝင် ကလပ်အသင်း (၇၀၀) ၏ ကွင်းဝင် ကြေး၊ စပွန်ဆာစာချုပ်၊ ပြည်တွင်းရုပ်သံဝင် ငွေ၊ ဥရောပပြိုင်ပွဲများမှရရှိသည့် ဆုကြေးနှင့် ရုပ်သံဝင်ငွေအပါအဝင် အခြားကဏ္ဍအသီးသီးမှ ဝင်ငွေများကိုပါ ထည့်သွင်းတွက်ချက်ထားကြောင်း သိရသည်။ 

ကလပ်အသင်းအားလုံး၏ ဝင်ငွေစုစုပေါင်းမှာ ယူရို (၂၁) ဘီလျံရှိ ပြီး ယခင်နှစ်ထက် ယူရိုတစ်ဘီလျံမြင့်တက် လာခြင်းဖြစ်သည်။ 

ထို့ပြင် တစ်နှစ်အတွင်း အသားတင်အမြတ် ယူရိုသန်း (၁၄၀) ရရှိခဲ့ပြီး နှစ်နှစ်ဆက်တိုက် အမြတ်ရရှိခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် အမြတ်ရရှိမှုပမာဏမှာ ယခင်နှစ်ထက် ယူရို (၄၃၉) သန်းအထိ လျော့ကျသွားကြောင်း အစီရင်ခံစာတွင် ဖော်ပြထား သည်။ 

ဝင်ငွေစုစုပေါင်းပမာဏ၏ (၇၅) ရာခိုင်နှုန်းကို အင်္ဂလန်၊ စပိန်၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ် စသည့် ဥရောပထိပ်တန်းလိဂ်(၅)ခု က ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ က ယူရို (၅.၄) သန်းဖြင့် ဝင်ငွေအကောင်း ဆုံးလိဂ်အဖြစ် ဆက်လက်ဦးဆောင်နိုင်ခဲ့ သည်။ 

ဘွန်ဒစ်လီဂါပြိုင်ပွဲက ယူရို (၃.၂) ဘီလျံဖြင့် ဒုတိယနေရာရပ်တည်နေပြီး လီဂူး-၁ ပြိုင်ပွဲက ယူရို (၁.၇) ဘီလျံဖြင့် ဥရောပထိပ်တန်းလိဂ်ငါးခုအနက် အောက်ဆုံးနေရာ ရပ်တည်လျက်ရှိသည်။ 

ထို့ပြင် ထိပ်တန်းကလပ် (၃၀) ၏ဝင်ငွေမှာ ကလပ်အသင်းအားလုံး ဝင်ငွေစုစုပေါင်း၏ ရာခိုင်နှုန်း (၅၀) ကျော်အထိရှိကြောင်း သိရသည်။

ကလပ်အသင်းများ၏ တစ်နှစ်အတွင်း ပျမ်းမျှဝင်ငွေရရှိမှုမှာ ယခင်နှစ်ထက်မြင့်တက်လာသော်လည်း ထိပ်တန်းလိဂ်ပြိုင်ပွဲများနှင့် အခြားအောက်တန်းလိဂ်ပြိုင်ပွဲများအကြား ဝင်ငွေရရှိမှုခြားနားချက် ပိုများလာခြင်းမှာ သတိပြုရမည့်အချက်ဖြစ်ကြောင်း  က ထုတ်ပြန်သည်။ 

''ကဏ္ဍအသီးသီးတွင် တိုးတက်မှုရှိလာသော်လည်း လိဂ်ပြိုင်ပွဲအများစုတွင် ရုပ်သံထုတ်လွှင့်မှုဝင်ငွေမှာ ထိပ်တန်း ကလပ်များ၊ အအောင်မြင်ဆုံးအသင်းများ အတွက် သိသိသာသာပိုများနေပါသည်။ ထို့အတွက်ကြောင့် ထိပ်တန်းကလပ်များနှင့် အခြားကလပ်များအကြား ဝင်ငွေရရှိမှုခြား နားချက်ပမာဏမှာ ပိုမိုကြီးမားလာခြင်းဖြစ် သည်'' ဟု အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

 

Most Read

Most Recent