အင်တာမီလန်အမှုဆောင်ချုပ် မာရော့တာနှင့် အဲရစ်ဆင်၏အေးဂျင့်တို့ မီလန်မြို့၌ ညစာအတူစားခဲ့ကြောင်း Sky Sport Italia ဖော်ပြ

အင်တာမီလန်အမှုဆောင်ချုပ် မာရော့တာနှင့် အဲရစ်ဆင်၏အေးဂျင့်တို့ မီလန်မြို့၌ ညစာအတူစားခဲ့ကြောင်း Sky Sport Italia ဖော်ပြ
Published 18 January 2020

 

အင်တာမီလန်အသင်း အမှုဆောင်ချုပ် မာရော့တာနှင့် စပါးအသင်းကွင်းလယ်လူ အဲရစ်ဆင်၏အေးဂျင့် မာတင်ရွှတ်သည် ဇန် နဝါရီ ၁၆ ရက်က မီလန်မြို့၌ ညစာအတူ စားသောက်ခဲ့ကြောင်း Sky Sport Italia သတင်းဌာနက ဓာတ်ပုံနှင့်တကွ ဖော်ပြသည်။

အင်တာမီလန်အသင်းသည် ယခုရာသီကုန်တွင် စပါးအသင်းနှင့် စာချုပ်ကုန်ဆုံးတော့မည့် ဒိန်းမတ်လက်ရွေးစင် အဲရစ်ဆင်ကို ဇန်နဝါရီမှာပင်ခေါ်ယူနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းရန်သာ ကျန်ရှိတော့ကြောင်း သိရသည်။ 

အင်တာမီလန်အသင်းသည် အဲရစ်ဆင်ကို တစ်နှစ်လစာ ယူရိုရှစ်သန်းနှင့် အပိုဆုကြေး ယူရို နှစ်သန်းပေးချေ၍ ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရထားပြီဖြစ်သည်။ 

သို့သော် စပါးအသင်းက ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀ အလိုရှိနေပြီး အင်တာမီလန်အသင်းက ယူရို ၁၀ သန်းဖြင့်သာ ကမ်းလှမ်းထားသောကြောင့် အပြီးသတ်သဘောတူညီမှု ရရန် ကြန့်ကြာနေခြင်းဖြစ်သည်။ 

ဇန်နဝါရီ ၁၆ ရက် ညပိုင်းတွင် မီလန်မြို့ရှိ စားသောက်ဆိုင်တစ်ခုမှ မာရော့တာနှင့် မာတင်ရွှတ်တို့ အတူထွက်လာသည့်ဓာတ်ပုံအရ အပြောင်းအရွှေ့ဖြစ်ပေါ်ရန် နီးစပ်နေပြီဖြစ်ကြောင်း အီတလီနှင့် ဗြိတိန်သတင်းဌာနများက ဖော်ပြ လျက်ရှိသည်။

 

Most Read

Most Recent