အသက်(၄၀)နှစ်အရွယ်ရှိသူ ခရိတ် မော်ဆင်သည် ကစားသမားဘဝက ထင်ရှားကျော်ကြားသူတစ်ဦး မဟုတ်ခဲ့သလို အောက်တန်းကလပ်အသင်းများတွင်သာ ကစားခဲ့သူ ဖြစ်သည်။ သို့သော်လည်း ဘန်လေအသင်းအကယ်ဒမီတွင် သူ၏နည်းပြ အရည်အချင်းများကြောင့် နာမည်ကောင်းရသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
မန်ယူအသင်းသည် ဘန်လေအသင်း အကယ်ဒမီမှ ဂိုးသမားဟောင်းတစ်ဦးဖြစ်သူ ခရိတ်မော်ဆင်အား အသင်းဂိုးနည်းပြအဖြစ် ခေါ်ယူခန့်အပ်လိုက်ကြောင်း သိရှိရသည်။
ခရိတ်မော်ဆင်သည် ဘန်လေအသင်းတွင် ၂၀၁၀ ခုနှစ်ကတည်းက လူငယ်ဖွံ့ဖြိုးရေးနည်းပြတစ်ဦးအဖြစ် ရှိခဲ့သူဖြစ်ပြီး မန်ယူအသင်းတွင် စပိန်ဂိုးသမား ဒီဟေးယားအပါအဝင် အသင်းမှ ဂိုးသမားများကို ဂိုးနည်းပြအဖြစ် တာဝန်ယူပြသရမည်ဖြစ်သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့် ၂၀၁၉ နှစ်စပိုင်းက အသင်းနှင့်လမ်း ခွဲသွားခဲ့သော ဂိုးနည်းပြ အီမီလီယိုအဲဗာရက်ဇ် နေရာတွင် ၎င်းကို အစားထိုးခန့်အပ်ခဲ့ခြင်းလည်း ဖြစ်သည်။ အသက်(၄၀)နှစ်အရွယ်ရှိသူ ခရိတ် မော်ဆင်သည် ကစားသမားဘဝက ထင်ရှားကျော်ကြားသူတစ်ဦး မဟုတ်ခဲ့သလို အောက်တန်းကလပ်အသင်းများတွင်သာ ကစားခဲ့သူ ဖြစ်သည်။ သို့သော်လည်း ဘန်လေအသင်းအကယ်ဒမီတွင် သူ၏နည်းပြ အရည်အချင်းများကြောင့် နာမည်ကောင်းရသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
၂၀၁၅ ခုနှစ်တွင် FA ၏ အကောင်းဆုံး ဂိုးနည်းပြဆု ရရှိခဲ့သူ ခရိတ်မော်ဆင်သည် ဘန်လေအသင်းကြီးတွင်လည်း နည်းပြဖြစ်သူ ရှောင်ဒိုက်၏ နည်းပြအဖွဲ့၌ ပါဝင်ကာ ဂိုးနည်းပြ တာဝန်များကို ထမ်းဆောင်နေသူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။ မန်ယူအသင်းတွင် ယခုရာသီ၌ ဂိုးသမားဖြစ်သူ ဒီဟေးယားမှာ အမှားအယွင်းများလျက်ရှိနေရာ ခရိတ်မော်ဆင်အနေဖြင့် ဒီဟေးယားကို ပုံမှန်လက်စွမ်းပြန်လည်ရရှိအောင် ပြုလုပ်ပေး ရမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။
ခရိတ်မော်ဆင်အနေဖြင့် လက်ရှိတွင် မန်ယူအသင်းဂိုးနည်းပြအဖြစ် တာဝန်ယူလျက်ရှိနေသော ရစ်ချက်ဟာတစ်နှင့် အတူလက်တွဲ၍ မန်ယူဂိုးသမားများ၏ စွမ်းဆောင်ရည်ကို တိုးတက်အောင် ပြုလုပ်ပေးရမည်ဖြစ်သည်။ ၎င်းက မန်ယူဂိုးနည်းပြအဖြစ် ခန့်အပ်ခံရခြင်းနှင့် ပတ်သက်၍ " မန်ယူလိုအသင်းကြီးမှာ အလုပ်လုပ်ခွင့်ရမယ့်အတွက် အလွန်ကိုဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်တော့်ကို ကစားသမားအဖြစ်ရော နည်းပြအဖြစ်ပါ ဖြတ်သန်းခွင့်ပေးခဲ့တဲ့ ဘန်လေအသင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်" ဟု ပြောကြားခဲ့သည်။