နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လပွတ္တာမြို့နယ်ခရီးစဉ်အတွင်း လယ်ယာမြေအငြင်းပွားမှု ပြဿနာအများစု ပါဝင်သည့် တိုင်ကြားစာပေါင်း ၇၃ စောင်ရှိခဲ့

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လပွတ္တာမြို့နယ်ခရီးစဉ်အတွင်း လယ်ယာမြေအငြင်းပွားမှု ပြဿနာအများစု ပါဝင်သည့် တိုင်ကြားစာပေါင်း ၇၃ စောင်ရှိခဲ့
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လပွတ္တာမြို့နယ်ခရီးစဉ်အတွင်း တိုင်ကြားစာလက်ခံရေးဌာန ဖွင့်လှစ်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လပွတ္တာမြို့နယ်ခရီးစဉ်အတွင်း တိုင်ကြားစာလက်ခံရေးဌာန ဖွင့်လှစ်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
Published 26 December 2019
မင်းသူဝင်းထွဋ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လပွတ္တာ(ပင်လယ်လေး) တံတားဖွင့်ပွဲနှင့် လပွတ္တာမြို့နယ် လူထုတွေ့ဆုံပွဲအတွင်း တိုင်ကြားစာပေါင်း ၇၃ စောင်အထိရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၄ ရက်တွင် နံနက်ပိုင်းတွင် ပြုလုပ်သည့် လပွတ္တာ(ပင်လယ်လေး)တံတား ဖွင့်ပွဲသို့ တက်ရောက်လာသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ခရီးစဉ်တွင် ဖွင့်လှစ်ထားသည့် တိုင်ကြားစာဌာနတွင် တိုင်ကြားစာ ၁၁ စောင်သာရရှိခဲ့ပြီး အဆိုပါ နေ့လယ်ပိုင်းတွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် တိုင်ကြားစာ ဌာနတွင်မူ တိုင်ကြားစာပေါင်း ၆၂ စောင်ရရှိခဲ့ကြောင်း၊ တိုင်ကြားသည့် အကြောင်းအရာများမှာ လယ်ယာမြေအငြင်းပွားမှု ပြဿနာများ အများဆုံးဖြစ်ကြောင်း တိုင်ကြားစာဌာနမှ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လပွတ္တာမြို့နယ်တွင် လူထုတွေ့ဆုံပွဲ ပြုလုပ်နေစဉ်

“ကိုယ်မေးချင်တာကိုတောင်မှ ပိုပြီး တော့ တိတိကျကျမေးလို့ရသေးတယ်အဲဒီလို အခွင့်အရေးပေးထားရဲ့သားနဲ့ ဒီခန်းမထဲမှာမှ မေးချင်ပါတယ်ဆိုတာဟာ ရုပ်မြင်သံကြားမှာ ပါချင်လို့လား၊ အဲဒီလိုမျိုး တစ်ခါတလေ ဒီ အတိုင်းပဲ ကျွန်မကမေးတယ်။ ရုပ်မြင်သံကြားမှာပါချင်လို့လား ဒါမှမဟုတ် သက်သက်ပြဿနာ ရှာချင်လို့လား။ နှစ်ခုလုံးက မကောင်းဘူး လေ။ အဲဒီတော့ စည်းနဲ့ကမ်းနဲ့တော့ နေကြပါ ဆိုတာ ကျွန်မတို့ရဲ့ပြည်သူတွေကို ကျွန်မက သတိပေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အများကနေပြီးတော့ စည်းကမ်းတကျလုပ် သွားပြီးတော့ တစ်ယောက်လောက်ကဖောက် လိုက်တာနဲ့ ဒီဗမာလူမျိုးတွေက  ဒီနိုင်ငံကလူတွေက စည်းကမ်းမရှိပါလားလို့ အမြင်တွေ ဖြစ်သွားတာဟာ အင်မတန်မှ မကောင်းပါဘူး။ ဒါကြောင့် ကျွန်မတို့ ဒီစာရေးပြီးတော့ တင် ထားတဲ့ မေးခွန်းတွေဖြေပြီးလို့ရှိရင် ကျွန်မတို့ အနေနဲ့ ခါတိုင်းလိုပဲ မဲနှိုက်ပြီးတော့ အခွင့်အ ရေးပေးပါမယ်။ မဲပေါက်တဲ့သူကတော့ အခွင့် အရေးရှိတယ်။ မဲမပေါက်တဲ့သူကတော့ ကံ ပေါ့နော်။ နောက်တစ်ခါကျရင် ပြန်ပြီးတော့ စမ်းတာပေါ့။ အဲဒီလိုပဲ စိတ်ထဲမှာ ထားစေချင်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လပွတ္တာမြို့ လူထုတွေ့ဆုံပွဲတွင် တိုင်ကြားစာများနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လပွတ္တာမြို့နယ်ခရီးစဉ်တွင် လုံခြုံရေးတင်းကျပ်ထားသည်ကို တွေ့ရပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသည့်ဒေသခံများ ဖုန်းယူဆောင်ခွင့် ရေသန့်ဘူးယူဆောင်ခွင့်များကိုပါ တားမြစ်ခဲ့သည်။                             

 

 

 

 

Most Read

Most Recent