လက်ရွေးစင်ဖူဆယ်အသင်းကို အထောက်အကူဖြစ်စေရန် အရန်အသင်း ဖွဲ့စည်းမည်

လက်ရွေးစင်ဖူဆယ်အသင်းကို အထောက်အကူဖြစ်စေရန် အရန်အသင်း ဖွဲ့စည်းမည်
Photos: Nyi Nyi Soe Nyunt
Photos: Nyi Nyi Soe Nyunt
Published 20 December 2019

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF သည် လက်ရွေးစင်ဖူဆယ်အသင်းကို အထောက်အကူဖြစ်စေရန် အရန်အသင်း ဖွဲ့စည်းရန် စီစဉ်နေကြောင်း သိရသည်။ 

MFF ဖူဆယ်ကော်မတီသည် လက်ရှိကျင်းပနေသည့် ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြကစားနေသည့် ကစားသမားများကို ရွေးချယ်ကာ (ခ)အသင်း ဖွဲ့စည်းရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

"လက်ရွေးစင်အသင်းကို အထောက်အကူဖြစ်စေမယ့် အရန်အသင်း ဖွဲ့စည်းမှာဖြစ်ပါတယ်။ လက်ရွေးစင်အသင်းရဲ့ အပြီးသတ်စာရင်းမှာ မပါဖူးသေးတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းမှာပါ။ ပဏာမစာရင်းမှာ ပါဖူးရင်တော့ ရွေးချယ်မှာဖြစ်ပါတယ်။ လိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေကို ရွေးချယ်ပြီး လိဂ်ပြိုင်ပွဲပြီးရင် ရွေးချယ်လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။ အရန်အသင်းကို ဖွဲ့စည်းထားတဲ့အတွက် စီနီယာအသင်းက ကစားသမားလိုရင် အဆင်သင့်ရွေးချယ်လို့ရပါပြီ။ အလားအလာရှိတဲ့ ကစားသမားတွေ ကိုလည်း ပိုကောင်းလာအောင် လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်" ဟု မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းနည်းပြချုပ် ဦးဌေးမြင့်က Eleven Sports သို့ ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် လာမည့်နှစ်တွင် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတစ်ခုသာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နှစ်လယ်ပိုင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

 

Most Read

Most Recent