မန်ယူဂျာစီတွင် လက်မှတ်ထိုးနေသည့်ဓာတ်ပုံကို ဆာလ်ဇ်ဘာ့ဂ်တိုက်စစ်မှူးဟာလန်း ပြသ

မန်ယူဂျာစီတွင် လက်မှတ်ထိုးနေသည့်ဓာတ်ပုံကို ဆာလ်ဇ်ဘာ့ဂ်တိုက်စစ်မှူးဟာလန်း ပြသ
Photos: Haaland Instagram
Photos: Haaland Instagram
Published 18 December 2019

ဟာလန်းကို မန်ယူအသင်းက ယခုဇန်နဝါရီအပြောင်းအရွှေ့မှာပင် ခေါ်ယူနိုင်ရန် ကြိုးပမ်းနေသည့်သတင်းများကြောင့် ယင်းဓာတ်ပုံထွက်ပေါ်လာပြီးနောက် အပြောင်းအရွှေ့သတင်းများ ပိုမိုလှုပ်ခတ်လာခဲ့သည်။

 

 

 

ဥရောပထိပ်တန်းကလပ်များစွာ၏ စိတ်ဝင်စားခြင်းခံနေရသည့် သြစတြီးယားကလပ် ဆာလ်ဇ်ဘာ့ဂ်အသင်းတိုက်စစ်မှူး ဟာလန်းက မန်ယူအသင်းဂျာစီတွင် လက်မှတ်ရေးထိုးနေသည့်ဓာတ်ပုံကို Instagram  တွင် ပြသခဲ့ ကြောင်း သိရသည်။

ဟာလန်းကို မန်ယူအသင်းက ယခုဇန်နဝါရီအပြောင်းအရွှေ့မှာပင် ခေါ်ယူနိုင်ရန် ကြိုးပမ်းနေသည့်သတင်းများကြောင့် ယင်းဓာတ်ပုံထွက်ပေါ်လာပြီးနောက် အပြောင်းအရွှေ့သတင်းများ ပိုမိုလှုပ်ခတ်လာခဲ့သည်။

 

ဟာလန်းသည် ယင်းဓာတ်ပုံကို ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းတွင် တင်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင်မူ နာပိုလီ၊ လိဒ်စ်ယူနိုက်တက် နှင့် မိခင်ကလပ် ဆာလ်ဇ်ဘာ့ဂ်အသင်းဂျာစီများတွင် လက်မှတ်ရေးထိုးနေသည့်ဓာတ်ပုံ များကိုလည်း ထပ်တင်ခဲ့ကြောင်း သိရသည်။ ၎င်းကိုခေါ်ယူရန် လိုက်ပ်ဇစ်၊ ဂျူဗင်တပ်စ်နှင့် ဒေါ့မွန်တို့ကလည်း စိတ်ဝင်စားနေသည်။

 

Most Read

Most Recent