မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက စနေညတွင် ကစားမည့် မန်ချက်စတာဒါဘီတွင် အသင်းတိုက်စစ်ကစားသမား မာစီယဲလ် ပါဝင်နိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက စနေညတွင် ကစားမည့် မန်ချက်စတာဒါဘီတွင် အသင်းတိုက်စစ်ကစားသမား မာစီယဲလ် ပါဝင်နိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
မာစီယဲလ်သည် တံကောက်ကြောဒဏ်ရာကြောင့် ကြားရက်တွင် ကစားခဲ့သည့် စပါးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့ပြီး လက်ရှိတွင် အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်သော်လည်း ကြံ့ခိုင်မှုအနေအထားကို စောင့်ကြည့်နေရဆဲဖြစ်ကြောင်း သိရသည်။
မန်စီးတီးအသင်းနှင့်ကစားမည့် ပွဲကြိုပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များက မာစီယဲလ်၊ ပေါ့ဘာတို့၏ ဒဏ်ရာအခြေအနေများနှင့် ပတ်သက်ပြီး ဆိုးလ်ရှားကို မေးမြန်းခဲ့သည်။
ဆိုးလ်ရှားက "မန်စီးတီးနဲ့ ကစားမယ့် မန်ချက်စတာဒါဘီပွဲစဉ်မှာ မာစီယဲလ် ပါဝင်ကစားနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ မာစီယဲလ်အနေနဲ့ ပွဲထွက်ကစားနိုင်မလားဆိုတာကတော့ မသေချာပါဘူး။ ပေါ့ဘာကတော့ မကစားနိုင်သေးပါဘူး"ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဆိုးလ်ရှားက ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်နေရသည့် ပေါ့ဘာကို ယခုနှစ်မကုန်မီ ပြန်လည်ကစားနိုင်ရန် မျှော်လင့်ထားကြောင်းလည်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် စနေနေ့(မြန်မာစံတော်ချိန် ည ၁၂:၀၀ နာရီ)တွင် မန်စီးတီးအသင်းနှင့် အဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။















