ဂိုးသွင်းခွင့်များ အသုံးမချနိုင်၍ ထိုင်းအသင်းကို အရေးနိမ့်ခဲ့ရဟု မြန်မာအမျိုးသမီးအသင်း နည်းပြဆို

ဂိုးသွင်းခွင့်များ အသုံးမချနိုင်၍ ထိုင်းအသင်းကို အရေးနိမ့်ခဲ့ရဟု မြန်မာအမျိုးသမီးအသင်း နည်းပြဆို
Photo: Nyi Nyi Soe Nyunt
Photo: Nyi Nyi Soe Nyunt
Published 6 December 2019

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ဦးဝင်းသူမိုးက ထိုင်းအသင်းနှင့် ဆီမီးဖိုင်နယ်တွင် ဂိုးသွင်းခွင့်များအသုံးမချနိုင်ခဲ့၍ နစ်နာခဲ့ရကြောင်း ပြောကြားသည်။

ဦးဝင်းသူမိုးက "ကစားသမားတွေ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ အခွင့်အရေးတွေလည်းရခဲ့ပြီး အသုံးမချနိုင်ခဲ့တဲ့အတွက် နစ်နာခဲ့ပါတယ်။ ထိုင်းအသင်းက လူငယ်ကစားသမားတွေနဲ့ သွေးသစ်လောင်းနေတဲ့ အချိန်မှာ သူတို့ရဲ့ ခြေစွမ်းက အကောင်းဆုံး အနေအထားမှာ မရှိခဲ့ပါဘူး။ ကျွန်တော်တို့လည်း အနိုင်ရဖို့ သေချာပြင်ဆင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ မထင်မှတ်ဘဲပေးလိုက်ရတဲ့ ဂိုးကြောင့် အရေးနိမ့်ခဲ့ရတာပါ။ ပွဲထွက်ကစားခွင့်ရတဲ့ ကစားသမားတွေထဲမှာ သုံးဦးလောက်က ပုံမှန်ခြေမရခဲ့ပါဘူး။ ဗိုလ်လုပွဲနဲ့လွဲချော်ခဲ့ပေမယ့် တတိယကြေးတံဆိပ်ရအောင် ယှဉ်ပြိုင်သွားမှာပါ" ဟု ပြောကြားသည်။

မြန်မာ အမျိုးသမီးအသင်းသည် တစ်အုပ်စုတည်း ကျရောက်ခဲ့သည့် ဖိလစ်ပိုင်အသင်းနှင့် ပြန်လည်တွေ့ဆုံခြင်းဖြစ်ပြီး အုပ်စုအတွင်း ကစားခဲ့စဉ်က ဂိုးမရှိသရေကျထားသည်။

Most Read

Most Recent