ချယ်လ်ဆီးအသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ဝီလီယံနှင့် ပတ်ဒရိုကိုခေါ်ယူရန် ဂျူဗင်တပ်စ်ကြိုးပမ်းနေ

ချယ်လ်ဆီးအသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ဝီလီယံနှင့် ပတ်ဒရိုကိုခေါ်ယူရန် ဂျူဗင်တပ်စ်ကြိုးပမ်းနေ
Photos: Getty Images
Photos: Getty Images
Published 1 December 2019

ဂျူဗင်တပ်စ်အသင်း အားကစားဒါရိုက်တာဖြစ်သူ ပါရာတီချီသည် ချယ်လ်ဆီးအသင်းအမှုဆောင်များနှင့် လန်ဒန်တွင်ဆွေးနွေးခဲ့သည်ဟု အီတလီမီဒီယာများဖြစ်သည့် Tuttosport နှင့် Calciomercito က ဖော်ပြခဲ့သည်။

 

စီးရီးအေထိပ်သီးကလပ် ဂျူ ဗင်တပ်စ်အသင်းသည် ယခုရာသီကုန်တွင် ချယ်လ်ဆီးအသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မည့်  တောင်ပံတိုက်စစ်ကစားသမားများဖြစ်သော ပတ်ဒရိုနှင့် ဝီလီယံတို့ကို ခေါ်ယူရန်ကြိုးပမ်းနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ဂျူဗင်တပ်စ်အသင်း အားကစားဒါရိုက်တာဖြစ်သူ ပါရာတီချီသည် ချယ်လ်ဆီးအသင်းအမှုဆောင်များနှင့် လန်ဒန်တွင်ဆွေးနွေးခဲ့သည်ဟု အီတလီမီဒီယာများဖြစ်သည့် Tuttosport နှင့် Calciomercito က ဖော်ပြခဲ့သည်။ ဂျူဗင်တပ်စ်အသင်းသည် ဝီလီယံကို ခေါ်ယူရန် ကာလကြာရှည် စိတ်ဝင်စားခဲ့ပြီး ပတ်ဒရိုကိုမူ ယခုမှ ပစ်မှတ်ထားလာခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် ယင်းကစားသမားနှစ်ဦး နှင့် လာမည့်ဇန်နဝါရီလတွင် တရားဝင်ဆွေးနွေးခွင့်ရှိသော်လည်း ယင်းအချိန်တွင် စာချုပ်ချုပ်ဆိုနိုင်ရန်အတွက် ယခုကတည်းက ကြိုးပမ်းနေခြင်းဖြစ်သည်။ အသက်၃၁ နှစ်အရွယ်ရှိ ဝီလီယံသည် လမ်းပတ်၏အသင်းတွင် ပုံမှန်နေရာရရှိနေသူဖြစ်ပြီး လာမည့် ဇူလိုင်လတွင် ၃၃ နှစ်ပြည့်မည့် ပတ်ဒရိုမှာမူ ပရီးမီးယားလိဂ်သုံးပွဲသာ ကစားခွင့်ရရှိထားသည်။