ချယ်လ်ဆီးအသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ဝီလီယံနှင့် ပတ်ဒရိုကိုခေါ်ယူရန် ဂျူဗင်တပ်စ်ကြိုးပမ်းနေ

ချယ်လ်ဆီးအသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ဝီလီယံနှင့် ပတ်ဒရိုကိုခေါ်ယူရန် ဂျူဗင်တပ်စ်ကြိုးပမ်းနေ
Photos: Getty Images
Photos: Getty Images
Published 1 December 2019

ဂျူဗင်တပ်စ်အသင်း အားကစားဒါရိုက်တာဖြစ်သူ ပါရာတီချီသည် ချယ်လ်ဆီးအသင်းအမှုဆောင်များနှင့် လန်ဒန်တွင်ဆွေးနွေးခဲ့သည်ဟု အီတလီမီဒီယာများဖြစ်သည့် Tuttosport နှင့် Calciomercito က ဖော်ပြခဲ့သည်။

 

စီးရီးအေထိပ်သီးကလပ် ဂျူ ဗင်တပ်စ်အသင်းသည် ယခုရာသီကုန်တွင် ချယ်လ်ဆီးအသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မည့်  တောင်ပံတိုက်စစ်ကစားသမားများဖြစ်သော ပတ်ဒရိုနှင့် ဝီလီယံတို့ကို ခေါ်ယူရန်ကြိုးပမ်းနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ဂျူဗင်တပ်စ်အသင်း အားကစားဒါရိုက်တာဖြစ်သူ ပါရာတီချီသည် ချယ်လ်ဆီးအသင်းအမှုဆောင်များနှင့် လန်ဒန်တွင်ဆွေးနွေးခဲ့သည်ဟု အီတလီမီဒီယာများဖြစ်သည့် Tuttosport နှင့် Calciomercito က ဖော်ပြခဲ့သည်။ ဂျူဗင်တပ်စ်အသင်းသည် ဝီလီယံကို ခေါ်ယူရန် ကာလကြာရှည် စိတ်ဝင်စားခဲ့ပြီး ပတ်ဒရိုကိုမူ ယခုမှ ပစ်မှတ်ထားလာခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် ယင်းကစားသမားနှစ်ဦး နှင့် လာမည့်ဇန်နဝါရီလတွင် တရားဝင်ဆွေးနွေးခွင့်ရှိသော်လည်း ယင်းအချိန်တွင် စာချုပ်ချုပ်ဆိုနိုင်ရန်အတွက် ယခုကတည်းက ကြိုးပမ်းနေခြင်းဖြစ်သည်။ အသက်၃၁ နှစ်အရွယ်ရှိ ဝီလီယံသည် လမ်းပတ်၏အသင်းတွင် ပုံမှန်နေရာရရှိနေသူဖြစ်ပြီး လာမည့် ဇူလိုင်လတွင် ၃၃ နှစ်ပြည့်မည့် ပတ်ဒရိုမှာမူ ပရီးမီးယားလိဂ်သုံးပွဲသာ ကစားခွင့်ရရှိထားသည်။

Most Read

Most Recent