စပိန်လာလီဂါပွဲစဉ် (၁၅) ပွဲကြို သုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၁၅) ပွဲကြို သုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 1 December 2019

ဆီဗီလာ - လီဟာနက်စ် (တနင်္ဂနွေညနေ ၅:၃၀ နာရီ)

ထိပ်ဆုံးက ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်အသင်းတွေနဲ့ တစ်မှတ်သာကွာနေလို့ ဆီဗီလာထိပ်ဆုံးနေရာကို မျှော်လင့်နိုင်တဲ့ အခြေအနေမှာရှိနေတယ်။ လက်ရှိခြေစွမ်းချင်းယှဉ်လိုက်ရင်လည်း ဆီဗီလာက လီဟာနက်စ်ထက် သိသိသာသာ သာနေတာ လည်းအမှန်ပဲ။ ဒါပေမဲ့ လီဟာနက်စ်ရဲ့အားထုတ်မှုက အခု နောက်ပိုင်း ပိုအားကောင်းလာနေပြီး လီဟာနက်စ်ရဲ့တိုက်စစ်ကိုလည်း သတိထားရမယ်။ အစဉ်အလာတွေအရလည်း နောက်ဆုံးတွေ့ဆုံမှု (၅)ကြိမ်မှာ လီဟာနက်စ်တို့ (၁)ကြိမ်သာ ရှုံးနိမ့်ထားတယ်။ လီဟာနက်စ်နဲ့ ဂိုးအများပဲ ရွေးထားကြည့်ချင်တယ်။

ဘီလ်ဘာအို - ဂရန်နာဒါ (တနင်္ဂနွေည ၇:၃၀ နာရီ)

 နည်းပြ မာချင်လက်ထဲမှာ အက်စ်ပန်ညိုကလည်း သိသိသာသာတိုးတက်မှုမျိုး မတွေ့ရသေးဘူး။ နိုင်ပွဲရဖို့ရုန်းကန်နေရသေးပြီး ယူရိုပါလိဂ်ဘက် အာရုံပိုရောက်နေသလို တွေ့နေရတယ်။ သရေပွဲလောက်ပဲ မှန်းထားချင်တယ်။ ဂိုးနည်းနိုင်တယ်။

အက်စ်ပန်ညို - အိုဆာဆူနာ (တနင်္ဂနွေည ၉:၃၀ နာရီ)

နည်းပြ မာချင်လက်ထဲမှာ အက်စ်ပန်ညိုကလည်း သိသိသာသာတိုးတက်မှုမျိုး မတွေ့ရသေးဘူး။ နိုင်ပွဲရဖို့ရုန်းကန်နေရသေးပြီး ယူရိုပါလိဂ်ဘက် အာရုံပိုရောက်နေသလို တွေ့နေရတယ်။ သရေပွဲလောက်ပဲ မှန်းထားချင်တယ်။ ဂိုးနည်းနိုင်တယ်။

ဂီတာဖေး - လီဗန်တေး (တနင်္ဂနွေည ၁၂:၀၀ နာရီ)

အခုတလော ဂီတာဖေး ခြေစွမ်းအနည်းငယ်လျော့လာသလို တွေ့နေရတယ်။ အထူးသဖြင့် တိုက်စစ်ကဂိုးရရေး ပိုရုန်းလာရသလိုပါပဲ။ ဒီပွဲမတိုင်မီလည်း ယူရိုပါလိဂ်ပွဲနွှဲထားရလို့ လီဗန်တေးလို မာကျောတဲ့အသင်းကိုရင်ဆိုင်ဖို့ ဂီတာဖေးအသင့်ရှိနေပါ့မလား စဉ်းစားစရာပါပဲ။ အဝေးကွင်းပေမယ့် လီဗန်တေးကိုပဲ ပိုကြိုက်နေမိတယ်။ ဂိုးတော့ နည်းမယ်ထင်တယ်။

အက်သလက်တီကို - ဘာစီလိုနာ (တနင်္လာနံနက် ၂:၃၀ နာရီ)

နှစ်သင်းစလုံးရဲ့ ဒီရာသီခြေစွမ်းကတော့ အားရစရာရှိမ နေကြသေးဘူး။ နှစ်သင်းစလုံးရဲ့ ခံစစ်ပိုင်းမှာလည်း ဒဏ်ရာပြဿနာတွေရှိနေကြတယ်။ ဒါကြောင့် ခံစစ်ပိုင်းတွေက စိတ်မချရဘူး။ ဒါပေမဲ့ အက်သလက်တီကိုက အိမ်ကွင်းမှာတော့ အမှားအယွင်းနည်းနည်းနဲ့ ပိုကစားပြနိုင်ပြီး၊ ဘာစီလိုနာကတော့ အဝေးကွင်းပွဲတွေမှာ ရုန်းကန်နေရတာ တွေ့နေရတယ်။ အဝေးကွင်းမှာ ဂရန်နာဒါ၊ လီဗန်တေးလိုအသင်းမျိုးတွေကိုတောင် ဂိုးပြတ်ရှုံးထားခဲ့တဲ့ ခြေစွမ်းမျိုးနဲ့တော့ အက်သလက်တီကိုကို ဘာစီလိုနာ ကျော်ဖြတ်ဖို့ခက်ခဲလွန်းနေမှာသေချာတယ်။ ဒါ့အပြင် လာလီဂါနောက်ဆုံး (၄)ပွဲမှာ ပေးဂိုး (၆)ဂိုးရှိနေတဲ့ ဘာစီလိုနာခံစစ်ကရော အက်သလက်တီကိုရဲ့အိမ်ကွင်းတိုက်စစ်ကို မနည်းတောင့်ခံရဦးမယ့်ပုံပါပဲ။ အက်သလက်တီကိုကလည်း အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့အပြင် တိုက်စစ်အားကလည်း တဖြည်းဖြည်းတက်လာတယ်။ အဝေးကွင်းမှာ ဂိုးသွင်းနှုန်း ပုံမှန်မရှိသေးတဲ့ ဘာစီလိုနာရဲ့အားနည်းမှုကြောင့် အက်သလက်တီကိုကိုပဲ ရွေးထားရမယ့်ပွဲဖြစ်နေတယ်။

 

Most Read

Most Recent