အီတလီစီးရီးအေပွဲစဉ် (၁၄) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၁၄) ပွဲကြိုသုံးသပ်ချက်
Photos : Atalanta, Genoa Facebook
Photos : Atalanta, Genoa Facebook
Published 30 November 2019

ဘရက်စီယာ - အတ္တလန်တာ (စနေည ၈း၃၀ နာရီ)

ဘရက်စီယာရဲ့ အမှောင်ခန်းဟာ အဆုံးမသတ်သေးဘူး။ ဘာလိုတယ်လီနဲ့ နည်းပြကြား အဆင်မပြေမှုကလည်း နိုင်ပွဲ တွေဆီသွားရာလမ်းအတွက် ထိခိုက်မှုဖြစ်နိုင်တယ်။ ဒီရာသီ အဝေးကွင်းမှာ ရှုံးပွဲလုံးဝမရှိသေးဘဲ (၃)ပွဲနိုင်၊ (၃)ပွဲသရေရလဒ် ပိုင်ဆိုင်ထားတဲ့ အတ္တလန်တာ နိုင်ပွဲရဦးမယ်။

ဂျီနိုအာ - တိုရီနို (စနေည ၁၁း၃၀ နာရီ)

ရှုံးပွဲဆက်မှုရပ်တန့်သွားပေမယ့် နိုင်ပွဲတွေဆီ ဂျီနိုအာ မရောက်ရှိသေးဘူး။ တိုက်စစ်ဂိုးသွင်းနှုန်းကျဆင်းနေပြီး နောက် ဆုံး (၂၃)ပွဲမှာ (၂၁)ပွဲအထိနိုင်ပွဲပျောက်ဆုံးထားလို့ ဒီပွဲမှာလည်း ဂျီနိုအာရဲ့ နိုင်ပွဲရရှိရေးမျှော်လင့်ချက် ပီပြင်မယ်မထင်သေးဘူး။  တိုရီနိုလည်း တိုက်စစ်ကျဆင်းနေလို့ ဂိုးနည်းမယ့်သရေပွဲပါပဲ။

ဖီအိုရင်တီးနား - လက်ချီ (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

အိမ်ကွင်း (၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားတာကို ဖီအို ရင်တီးနား ရပ်တန့်ချင်နေပေမယ့် တိုက်စစ်ဂိုးမိုးခေါင်နေတာ ပြင်ဆင်ရပါမယ်။ အဝေးကွင်းမှာ မထင်မှတ်တာတွေလုပ်ပြတတ် တဲ့ လက်ချီကြောင့် ဖီအိုရင်တီးနား အလွန်ဆုံးကပ်နိုင်ရုံပါပဲ။

Most Read

Most Recent