ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲတွင် အုပ်စုအဆင့်ရပ်တည်မှုအား ရမှတ်တူပါက ဂိုးကွာခြားချက်ဖြင့် ဆုံးဖြတ်မည်

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲတွင် အုပ်စုအဆင့်ရပ်တည်မှုအား ရမှတ်တူပါက ဂိုးကွာခြားချက်ဖြင့် ဆုံးဖြတ်မည်
Photos : MFF, EMG
Photos : MFF, EMG
Published 30 November 2019

 

လက်ရှိကျင်းပနေသော ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲတွင် အုပ်စုအဆင့်ရပ်တည်မှုများအား ရမှတ်တူပါက ဂိုးကွာခြားချက်ဖြင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

ဘောလုံးပြိုင်ပွဲများမတိုင်မီ အသင်းမန်နေဂျာများ အစည်းအဝေးတွင် ယင်းကဲ့သို့ဆုံးဖြတ်မည်ဆိုသည်ကို ပြိုင်ပွဲကျင်းပရေးကော်မတီက အတည်ပြုထုတ်ပြန်ခဲ့ကြောင်း MFF တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိဘောလုံး(အမျိုးသား)ပြိုင်ပွဲ၏ မြန်မာအသင်းပါဝင်သော အုပ်စု(A)တွင် ပွဲစဉ်များအရ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခြေရှိသည့်အသင်းမှာ (၂)သင်းထက်ပို၍ ရှိလာနိုင်ပြီး အကယ်၍ ရမှတ်တူခဲ့ပါက ဂိုးကွာခြားချက်ဖြင့် ဆုံးဖြတ်မည်ဖြစ်သည်။ အကယ်၍ ဂိုးကွာခြားချက်ပါ ထပ်မံတူညီခဲ့ပါက သွင်းဂိုးအရေအတွက်ဖြင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်ကျင်းပခဲ့သော ၂၀၁၃ ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲတွင်မူ ရမှတ်တူနှစ်သင်းကို နောက်တစ်ဆင့်တက်ရောက်ခွင့်အတွက် Head to Head စနစ်ဖြင့် ဆုံးဖြတ်ခဲ့သည်။ 

ထိုစဉ်က မြန်မာအသင်းမှာ အုပ်စုနောက်ဆုံးပွဲတွင် အင်ဒိုနီးရှားအား (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် (ယင်း ၂ သင်း ရမှတ် ၇ မှတ်စီ တူညီသွားချိန်၌) Head to Head စနစ်ကြောင့် အုပ်စုအဆင့်မှပင် ထွက်ခဲ့ရသည်။

 

Most Read

Most Recent