ဆီးဂိမ်းစ် ရွှေတံဆိပ်ဆုရှင်များကို အပိုဆုကြေးငွေများ လှေလှော်အဖွဲ့ချုပ် ချီးမြှင့်မည်

ဆီးဂိမ်းစ် ရွှေတံဆိပ်ဆုရှင်များကို အပိုဆုကြေးငွေများ လှေလှော်အဖွဲ့ချုပ် ချီးမြှင့်မည်
Photos : MRCF
Photos : MRCF
Published 30 November 2019

 

မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်သည် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိ သည့် ကစားသမားများကို အပိုဆုကြေးငွေ များ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်သည်  အသင်းလိုက်ရွှေတံဆိပ်ဆုတစ်ခုလျှင် ကျပ် သိန်း ၅၀၀၊ လေးယောက်တွဲပြိုင်ပွဲ ရွှေတံဆိပ် တစ်ခုလျှင် ကျပ်သိန်း ၂၀၀ နှင့် တစ်ဦးချင်း ပြိုင်ပွဲ ရွှေတံဆိပ်တစ်ခုလျှင် ကျပ်သိန်း ၁၀၀ ချီးမြှင့်သွားမည်ဖြစ်သည်။ 

မြန်မာနိုင်ငံလှေ လှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း သည် အပိုဆုကြေးငွေများ ချီးမြှင့်မည့်အစီ အစဉ်ကို ယခင်ကတည်းက ထုတ်ပြန်ကြေညာ ထားခြင်းဖြစ်ပြီး ပြိုင်ပွဲနီးကပ်လာချိန်တွင် ထပ်မံအတည်ပြုခဲ့ခြင်းဖြစ်သည်။ 

မြန်မာလှေ လှော်အဖွဲ့သည် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲ တွင် ရိုးရာလှေ၊ ကနူး/ကယက်နှင့် အပြည် ပြည်ဆိုင်ရာလှေ ပြိုင်ပွဲသုံးမျိုးစလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အောင်မြင်မှုရယူ နိုင်ရန် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ 

မြန်မာလှေလှော်အဖွဲ့သည် ဆီးဂိမ်းစ် ပြိုင်ပွဲတွင် အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၁၉ ဦး၊ စုစုပေါင်း ၅၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာလှေအမျိုးအစား တွင် ပြိုင်ပွဲခြောက်မျိုး၊ ကနူး^ကယက်အမျိုး အစားတွင် ပြိုင်ပွဲငါးမျိုး၊ ရိုးရာလှေအမျိုးအစား တွင် ပြိုင်ပွဲခြောက်မျိုး ယှဉ်ပြိုင်မည်ဖြစ်သည်။

လှေလှော်အားကစားနည်းမှာ ၂၀၁၇ ပြိုင်ပွဲ တွင် ပါဝင်ခဲ့ခြင်းမရှိဘဲ ယခုနှစ်မှ ထည့်သွင်း ကျင်းပခြင်းဖြစ်သည်။