မိမိ၏ ကိုယ်ပိုင်ကစားဟန်ကို ဖော်ထုတ်လိုခြင်းအတွက် တာလီဘန်တစ်ဦးလို သွားပုပ်လေလွင့်အပြောခံရဟု ဆာရီ ဆို

မိမိ၏ ကိုယ်ပိုင်ကစားဟန်ကို ဖော်ထုတ်လိုခြင်းအတွက် တာလီဘန်တစ်ဦးလို သွားပုပ်လေလွင့်အပြောခံရဟု ဆာရီ ဆို
Photo: Getty Images
Photo: Getty Images
Published 30 November 2019

ဂျူဗင်တပ်စ်အသင်း၏ နည်းပြဖြစ်သူ ဆာရီက သူသည် ချယ်လ်ဆီးအသင်းတွင် နည်းပြခဲ့စဉ်က သူ၏ ကိုယ်ပိုင်ကစားဟန်ကို အသုံးပြုလိုခြင်းအတွက် တာလီဘန်တစ်ဦးလို သတ်မှတ်ခြင်းခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်း၏ နည်းပြဖြစ်သူ ဆာရီက သူသည် ချယ်လ်ဆီးအသင်းတွင် နည်းပြခဲ့စဉ်က သူ၏ ကိုယ်ပိုင်ကစားဟန်ကို အသုံးပြုလိုခြင်းအတွက် တာလီဘန်တစ်ဦးလို သတ်မှတ်ခြင်းခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

    

ဆာရီသည် Sarri-Ball ဟု တင်စားခံရသည့် ဘောလုံးအယူအဆကို ချယ်လ်ဆီးအသင်းတွင် အသုံးပြုရန် ကြိုးစားခဲ့သော်လည်း မီဒီယာများနှင့် ပရိသတ်များသည် မိမိကို ဝိုင်းဝန်းဝေဖန်ခဲ့ကြသည်ဟု ဆိုခဲ့သည်။ 

ဆာရီသည် သူ၏နည်းဗျူဟာကို အသုံးပြုရန်အတွက် ကွင်းလယ်အဖျက် နေရာတွင်ကစားသည့် ပြင်သစ်ကွင်းလယ်လူ ကွန်တေအား တိုက်စစ်ကို ပိုမိုလိုက်ပါစေခဲ့ပြီး Deep-lying Playmaker အဖြစ် ဂျော်ဂျင်ဟိုကို အသုံးပြုခဲ့သည်။ 

ယင်းကစားကွက်၌ ကွန်တေသည် နေရာမှန်မဟုတ်သည့်နေရာတွင် ကစားနေရသည့်အပေါ် ဝေဖန်ခဲ့ကြပြီး ယင်းကဲ့သို့ ဆုံးဖြတ်ရခြင်းမှာ သူ၏နာပိုလီတစ်ပည့်ဟောင်းဖြစ်သူ ဂျော်ဂျင်ဟိုကို နေရာပေးလိုခြင်းကြောင့်ဖြစ်သည်ဟုလည်း မီဒီယာများက ဝေဖန်ခဲ့သည်။ 

ယခု ချယ်လ်ဆီးအသင်းနည်းပြသစ် လမ်းပတ်၏ လက်အောက်တွင် ကွန်တေနှင့် ဂျော်ဂျင်ဟိုတို့သည် ဆာရီအသုံးပြုခဲ့သည့် နေရာအတိုင်းကစားနေရပြီး လက်ရှိ ချယ်လ်ဆီးအသင်း၏ ခြေစွမ်းအတွက် ယင်းကစားသမားနှစ်ဦးစလုံးသည် ချီးကျူးခံနေရသည်။ 

    

ဆာရီက "ကျွန်တော်က တာလီဘန် (အစွန်းရောက် လက်နက်ကိုင်) တစ်ဦးလို ဝေဖန်ခံခဲ့ရပါတယ်။ နည်းပြတစ်ဦးက သူသွားချင်တဲ့ပုံစံကို သွားနေတဲ့အတွက် ဝေဖန်ခံခဲ့ရတာပါ။ အခုလက်ရှိအသင်း (ဂျူဗင်တပ်စ်) မှာတော့ ကျွန်တော်သွားချင်တဲ့ပုံစံကို သွားဖို့အတွက် မလုံလောက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကစားသမားတွေရဲ့ ကစားဟန်နဲ့ ကျွန်တော့်ဘောလုံးဒဿနက မကိုက်ညီလို့ပါ။ အခုတော့ ပိုပြီးအဆင်ပြေတဲ့နည်းလမ်းကို ရှာနေပါတယ်"ဟု ပြောကြားခဲ့သည်။

    

ဆာရီသည် ဂျူဗင်တပ်စ်အသင်း၏ ကစားပုံနှင့်ပတ်သက်၍လည်း ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပြီး နာပိုလီအသင်းကို ကိုင်တွယ်စဉ်တုန်းကကဲ့သို့ တိုက်စစ်အသားပေးကစားဟန်မျိုးကို ပရိသတ်များက တောင်းဆိုနေသည်။

 

Most Read

Most Recent