အသက် (၂၈)နှစ်အရွယ်ရှိ ဟာဇက်သည် PSG နှင့် (၂-၂)ဂိုးဖြင့် သရေကျသည့်ပွဲ၌ PSG နောက်ခံလူ မြူနီယာနှင့် ထိခိုက်မိကာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် (၆၉)မိ နစ်တွင် ဂါရတ်ဘေးလ်နှင့် လူစားလဲခဲ့ရသည်။
ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား ဟာဇက်သည် PSG နှင့် ပွဲတွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် ဘာစီလိုနာနှင့်ကစားမည့် El Clásico ပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရှိရသည်။

အသက် (၂၈)နှစ်အရွယ်ရှိ ဟာဇက်သည် PSG နှင့် (၂-၂)ဂိုးဖြင့် သရေကျသည့်ပွဲ၌ PSG နောက်ခံလူ မြူနီယာနှင့် ထိခိုက်မိကာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် (၆၉)မိ နစ်တွင် ဂါရတ်ဘေးလ်နှင့် လူစားလဲခဲ့ရသည်။

ဟာဇက်မှာ အလွန်နာကျင်နေပုံပေါ် ပြီး ကွင်းအတွင်းမှ ထွက်ခွာချိန်တွင် ရီးယဲလ်အသင်းဆေးအဖွဲ့ဝင်များ တွဲပေးခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။

ရီးယဲလ်အသင်းနည်းပြ ဇီဒန်းက ဟာဇက်ဒဏ်ရာရရှိခဲ့ခြင်းမှာ ၎င်းတို့အတွက် ထိုးနှက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဇီဒန်းက "ဟာဇက် ဒဏ်ရာရရှိခဲ့တာက ကျွန်တော်တို့အတွက် သတင်းဆိုးပါပဲ။ သူ့ အနေနဲ့ ဒဏ်ရာမပြင်းထန်ဖို့ မျှော်လင့်ပါတယ်"ဟု ဆိုခဲ့သည်။
အဆိုပါဒဏ်ရာသာ ပြင်းထန်မည်ဆိုပါက ဟာဇက်သည် ဒီဇင်ဘာ (၁၈)ရက်၌ ကစားမည့် ဘာစီလိုနာအသင်းနှင့် El Clásico ပွဲကို လွဲချော်ဖွယ်ရှိနေသည်။