ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် လာမည့် (၂)နှစ်အတွင်း မိမိအနေဖြင့် ဘာစီလိုနာအသင်းမှ ထွက်ခွာမည်ဟု နေမာကို ပြောဆိုခဲ့ကြောင်း ပြင်သစ်အခြေစိုက် France Football မဂ္ဂဇင်းက ဖော်ပြခဲ့သည်။
ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် လာမည့် (၂)နှစ်အတွင်း မိမိအနေဖြင့် ဘာစီလိုနာအသင်းမှ ထွက်ခွာမည်ဟု နေမာကို ပြောဆိုခဲ့ကြောင်း ပြင်သစ်အခြေစိုက် France Football မဂ္ဂဇင်းက ဖော်ပြခဲ့သည်။
အဆိုပါ မဂ္ဂဇင်း၏ ဖော်ပြချက်အရ မက်ဆီသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့တွင် လီဗာပူးလ်အသင်းအား (၀-၄)ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် PSG နေမာအား ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လီဗာပူးလ်နှင့်ပွဲစဉ်အပြီးတွင် မက်ဆီသည် WhatsApp တွင် ''ငါတို့ (၂)ယောက် အတူတူကစားမှ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်လိမ့်မယ်။ ငါကတော့ မင်းကို ပြန်လာစေချင်တယ်။ နောက် (၂)နှစ်ဆိုရင် ဘာစီလိုနာအသင်းက ငါထွက်တော့မှာပါ။ ဒီတော့ ငါ့နေရာကို မင်းဝင်ယူလိုက်ရုံပဲ"ဟု နေမာထံ မက်ဆေ့ချ်ပို့ခဲ့ကြောင်း France Football မဂ္ဂဇင်းက ဖော်ပြခဲ့သည်။
ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း နေမာအား ပြန်လည်ခေါ်ယူရန် ကြိုးစားခဲ့သလို၊ နေမာကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းသို့ ပြောင်းလည်ပြောင်းရွှေ့ရန် ကြိုးပမ်းခဲ့သော်လည်း နောက်ဆုံးတွင် အောင်မြင်ခဲ့ခြင်းမရှိပေ။
သို့သော် ဘာစီလိုနာအသင်းအားကစားဒါရိုက်တာ အဘီဒယ်လ်က မိမိတို့အသင်းခေါ်ယူလိုသည့် ကစားသမားစာရင်းတွင် နေမာပါဝင်နေဆဲဖြစ်ကြောင်း ပြောဆိုခဲ့ပြီး နေမာကိုယ်တိုင်ကလည်း PSG အသင်း၏ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆန်ထားကာ လာမည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဘာစီလိုနာသို့ ပြန်လည်ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။















