ဟာရီကိန်းရှိနေ၍ အီဘရာဟီမိုဗစ်ကို ခေါ်ယူရန် မလိုအပ်ဟု မော်ရင်ဟို ပြောကြား

ဟာရီကိန်းရှိနေ၍ အီဘရာဟီမိုဗစ်ကို ခေါ်ယူရန် မလိုအပ်ဟု မော်ရင်ဟို ပြောကြား
Published 26 November 2019

 

စပါးအသင်း၏နည်းပြသစ် မော်ရင်ဟိုက အသင်းတွင် အင်္ဂလန်၏ အကောင်းဆုံးတိုက်စစ်မှူး ဟာရီကိန်း ရှိနေသောကြောင့် ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို ခေါ်ယူရန် မလိုအပ်ကြောင်း ပြောကြားခဲ့သည်။

အီဘရာဟီမိုဗစ်သည် မော်ရင်ဟိုနှင့် အင်တာမီလန်၊ မန်ယူအသင်းတို့တွင် လက်တွဲခဲ့ဖူးသူဖြစ်လည်းဖြစ်သည်။

၎င်းမှာ မေဂျာလိဂ်ကလပ် LAဂလက်ဆီအသင်းနှင့် တရားဝင်လမ်းခွဲထားပြီး စာချုပ်သက်တမ်းပြည့်မည့် ယခုနှစ်ကုန်တွင် တရားဝင်ခေါ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မော်ရင်ဟိုက ''ကျွန်တော်တို့က ပတ်သက်မှုရှိတယ်ဆိုတာထက်ပိုပါတယ်။ သူက အံ့သြစရာကောင်းတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကို ခေါ်မလားဆိုရင်တော့ No လို့ပဲ ဖြေမှာပါ။ ကျွန်တော်တို့မှာ အင်္ဂလန်ရဲ့အကောင်းဆုံးတိုက်စစ်မှူး ရှိနေတာကြောင့် သူ့ကို ခေါ်ယူဖို့ မလိုအပ်ပါဘူး''ဟု ပြောကြားခဲ့သည်။

မော်ရင်ဟိုနှင့် အီဘရာဟီမိုဗစ်တို့မှာ အင်တာမီလန်အသင်း၌ ၂၀၀၈-၀၉ တစ်ရာသီ တွေ့ဆုံခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မန်ယူအသင်းနှင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူခဲ့ကာ ၂၀၁၈ မတ်လတွင် အသင်းနှင့်လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စပါးအသင်းသည် ပြီးခဲ့သည့်နွေရာသီက လော်ရန်တေးကို စာချုပ်သက်တမ်းမတိုးခဲ့သောကြောင့် လက်ရှိအချိန်တွင် အသင်း၌တိုက်စစ်မှူးစစ်စစ်ဟူ၍ ဟာရီကိန်းတစ်ဦးသာ ရှိနေခြင်းဖြစ်သည်။

 

Most Read

Most Recent