ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်တောနှင့် ကျောက်စိမ်းကျောက်မျက် စသည့် တွင်းထွက်သယံဇာတ ရှာဖွေတူးဖော်ထုတ်လုပ်ရောင်းချခြင်းတွင် လိုင်စင်၊ ခွင့်ပြုမိန့်၊ စာချုပ်ဖြင့်ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းများအားလုံး၏ အကျိုးအမြတ်ရရှိပိုင်ဆိုင်သူများနှင့် နိုင်ငံရေးအရ သြဇာတိက္ကမ ရှိသူများဆိုင်ရာ အချက်အလက်များ ထုတ်ဖော်တင်ပြရမည်

ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်တောနှင့် ကျောက်စိမ်းကျောက်မျက် စသည့် တွင်းထွက်သယံဇာတ ရှာဖွေတူးဖော်ထုတ်လုပ်ရောင်းချခြင်းတွင် လိုင်စင်၊ ခွင့်ပြုမိန့်၊ စာချုပ်ဖြင့်ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းများအားလုံး၏ အကျိုးအမြတ်ရရှိပိုင်ဆိုင်သူများနှင့် နိုင်ငံရေးအရ သြဇာတိက္ကမ ရှိသူများဆိုင်ရာ အချက်အလက်များ ထုတ်ဖော်တင်ပြရမည်
ဖားကန့်ဒေသရှိ သတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
ဖားကန့်ဒေသရှိ သတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 25 November 2019

ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်တော၊ ဓာတ်သတ္တု၊ ကျောက်စိမ်းကျောက်မျက်နှင့် ပုလဲစသည့် တွင်းထွက်သယံဇာတ ရှာဖွေတူးဖော်ထုတ်လုပ်ရောင်းချခြင်းတွင် လိုင်စင်ဖြင့် လည်းကောင်း၊ ခွင့်ပြုမိန့်ဖြင့်လည်းကောင်း၊ စာချုပ်ဖြင့်လည်းကောင်း၊ ဆောင်ရွက်လျက်ရှိသော စီးပွားရေးလုပ်ငန်းများအားလုံး၏ အကျိုးအမြတ်ရရှိပိုင်ဆိုင်သူများနှင့် နိုင်ငံရေးအရ သြဇာတိက္ကမရှိသူများဆိုင်ရာ အချက်အလက်များ ထုတ်ဖော်တင်ပြရမည်ဟု နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတတူး ဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး Extractive Industries Transparency Initiative (EITI) ဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု Beneficial ownership – Bo အချက်အလက် ဖော်ဆောင်ရေးလုပ်ငန်းစဉ်ကို အချိန်နှင့် တစ်ပြေးညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်အတွက် မြန်မာနိုင်ငံတွင်းထွက် သယံဇာတတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် သက်ဆိုင်သည့် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး / ပြည်နယ်အဆင့်အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ မှတ်ပုံတင်ထားသောကုမ္ပဏီများနှင့် စီးပွားရေးအဖွဲ့အစည်းများသည် ဦးဆောင်တာဝန်ယူမည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA နှင့် ပူးပေါင်းဆောင်ရွက်ကြရန် ထုတ်ပြန်ခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံသည် တွင်းထွက်သယံဇာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို ၂၀၁၂ ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဦးဆောင်ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့များ ဖွဲ့စည်းပြီး တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ခြင်း အစီရင်ခံစာများ ထုတ်ပြန်ခြင်းနှင့်အတူ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု အချက်အလက် ဖော်ဆောင်ရေးလုပ်ငန်းအစီအစဉ် Beneficial Ownership Work Plan ကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ သယံဇာတတူးဖော်ထုတ်လုပ်မှုဆိုင်ရာ အစီရင်ခံများတွင် အကျိုးအမြတ်ရရှိ ပိုင်ဆိုင်မှုအချက်အလက်များ အချိန်မီထည့်သွင်းဖော်ပြနိုင်စေရေးအတွက် သဘာဝသယံဇာတဆိုင်ရာ လုပ်ငန်းများတွင် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဦးဆောင်တာ ဝန်ယူမည့် အဖွဲ့အစည်းအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ တာဝန်ပေးအပ်ခဲ့သည်။

ထိုသို့ ထုတ်ဖော်တင်ပြရာတွင် နိုင်ငံတွင်းရှိ တွင်းထွက်သယံဇာ (ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ သစ်တော၊ ဓာတ်သတ္တု၊ ကျောက်စိမ်းကျောက်မျက်နှင့် ပုလဲ) ရှာဖွေတူးဖော်  ထုတ်လုပ်ရောင်းချခြင်းအဆင့်တို့တွင် လိုင်စင်ဖြင့်လည်းကောင်း၊ တွင်းထွက်သယံဇာတဆိုင်ရာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ ၎င်းလိုင်စင်၊ ခွင့်ပြုမိန့်၊ စာချုပ်များကို လျှောက်ထားဆဲ သို့မဟုတ် လျှောက်ထားပြီး ရှာဖွေတူးဖော်ထုတ်လုပ်ရောင်းချရေးဆိုင်ရာလုပ် ငန်းများအားလုံး၏ “အကျိုးအမြတ်ရရှိပိုင်ဆိုင်သူ”  Beneficial Owner များနှင့် “နိုင်ငံရေးအရ သြဇာတိက္ကမ ရှိသူ” Politically Exposed Person များဆိုင်ရာ အချက်အလက်များကို ထုတ်ဖော်တင်ပြရမည် ဖြစ်သည်။

“အကျိုးအမြတ်ရရှိ ပိုင်ဆိုင်သူ” နှင့် “နိုင်ငံရေးအရ သြဇာတိက္ကမရှိသူ” တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် သုံးပွင့်ဆိုင်ညွန့် ပေါင်းအဖွဲကနှင့် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့တို့က EITI စံနှုန်းနှင့်အညီ သတ်မှတ်ထားသည့်အတိုင်း ဖြစ်သည်။

အကျိုးအမြတ်ရရှိပိုုင်ဆိုင်မှု အချက်အလက် ဖော်ဆောင်ရေးလုပ်ငန်းစဉ်ဆောင် ရွက်ရာတွင် အချက်အလက်ကောက်ယူမည့်  စီးပွားရေးလုပ်ငန်းရွေးချယ်သတ်မှတ်ခြင်း၊ အချက်အလက်ကောက်ယူခြင်း၊ မှတ်တမ်းပြုစုထိန်းသိမ်းခြင်း၊ အချက်အလက်များ စိစစ်ခြင်း၊ အချက်အလက်များ ထုတ်ပြန် ကြေညာခြင်း စသည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို  အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့နှင့် DUCA တို့ ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အချက်အလက်များကို DICA ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ရမည်ဖြစ်သည်။

သို့ဖြစ်ရာ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု အချက်အလက်ဖော်ဆောင်ရေးလုပ်ငန်းစဉ်  အောင်မြင်စေရန် အစိုးရအဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် စီးပွားရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent