ဂျရူးအား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ခေါ်ယူရန် အင်တာမီလန်အသင်း စီစဉ်နေ

ဂျရူးအား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ခေါ်ယူရန် အင်တာမီလန်အသင်း စီစဉ်နေ
Photo: Getty Images
Photo: Getty Images
Published 17 November 2019

အင်တာမီလန်အသင်းသည် ချယ်လ်ဆီးတိုက်စစ်မှူး ဂျရူးအား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ခေါ်ယူရန် စီစဉ်နေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

အင်တာမီလန်အသင်းသည် ချယ်လ်ဆီးတိုက်စစ်မှူး ဂျရူးအား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ခေါ်ယူရန် စီစဉ်နေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

အသက် (၃၃)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး ဂျရူးသည် ယခုရာသီတွင် ချယ်လ်ဆီးအသင်း၌ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသဖြင့် စိတ်ပျက်နေကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းနှင့် ဂျရူး၏ စာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အင်တာမီလန်အသင်းက ၎င်းကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ခေါ်ယူလိုနေခြင်းဖြစ်သည်။

အီတလီမီဒီယာများ၏ ဖော်ပြမှုအရ အင်တာမီလန်အသင်းသည် ဂျရူးကို တစ်နှစ်လစာ ပေါင် (၆.၈)သန်း ပေးချေကာ (၁၈) လစာချုပ်ချုပ်ဆိုသွားရန် စီစဉ်နေကြောင်း သိရသည်။

အင်တာမီလန်အသင်းသည် ဂျရူးအပြင် ယခုရာသီကုန်တွင် စပါးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးကြမည့် ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်နှင့် ဘယ်လ်ဂျီယံနောက်ခံလူ ဗာတွန်ဂန်တို့ကိုပါ ခေါ်ယူလိုနေကြောင်း သိရသည်။