ဆာလ်ဇ်ဘာ့ဂ်အသင်းမှ ဟာလန်းကို ဇန်နဝါရီတွင် မန်ယူ အရခေါ်ယူဖွယ်ရှိနေ

ဆာလ်ဇ်ဘာ့ဂ်အသင်းမှ ဟာလန်းကို ဇန်နဝါရီတွင် မန်ယူ အရခေါ်ယူဖွယ်ရှိနေ
Published 16 November 2019

မန်ယူအသင်းသည် ဆာလ်ဇ်ဘာ့ဂ်အသင်းမှ နော်ဝေဆယ်ကျော်သက်တိုက်စစ်မှူး ဟာလန်းကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အရခေါ်ယူဖွယ်ရှိနေကြောင်း Daily Mirror က ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် ဟာလန်းကိုခေါ်ယူရန် သဘောတူညီမှုရရှိခဲ့လျှင် ဆာလ်ဇ်ဘာ့ဂ်အသင်းထံ ရာသီကုန်အထိ အငှားပြန်ချထားရန် စဉ်းစားနေကြောင်း ယင်းသတင်းတွင် ရေးသားထားသည်။

(၁၉)နှစ်အရွယ်သာရှိသေးသူ ဟာလန်းသည် ယခုရာသီ ချန်ပီယံလိဂ်နှင့် သြစတြီးယားလိဂ်ပြိုင်ပွဲများတွင် ခြေစွမ်းပြနိုင်မှုကြောင့် ဥရောပထိပ်တန်းကလပ်အသင်းများ၏ စောင့်ကြည့်မှုကို ခံနေရသူလည်းဖြစ်သည်။

ဟာလန်းသည် ပရီးမီးယားလိဂ်တွင် ကစားလိုသည်ဟု မကြာသေးမီးက အတိအလင်းဝန်ခံထားခဲ့သည်။

''ကျွန်တော် အကောင်းဆုံးဖြစ်ချင်တယ်။ ကျွန်တော့်ကစားသမားဘဝတစ်ခုလုံး ကမ္ဘာပေါ်က အကောင်းဆုံးကလပ်အသင်းတွေမှာ ကစားခွင့်ရဖို့ စိတ်ကူးရှိပါတယ်။ အထူးသဖြင့် အင်္ဂလိပ်ဘောလုံးမှာပေါ့''ဟု ဟာလန်းက ပြောကြားထားခဲ့သည်။

ဟာလန်းအနေဖြင့် ယခုရာသီတွင် ဆာလ်ဇ်ဘာ့ဂ်အသင်းအတွက် (၁၈)ပွဲကစားကာ (၂၆)ဂိုးအထိ သွင်းယူပေးထားခဲ့သည်။

မန်ယူနည်းပြ ဆိုးလ်ရှားသည် တစ်နိုင်ငံတည်းသား ဟာလန်းကို ခေါ်ယူရန်စိတ်ဝင်စားနေပြီး ခြေစွမ်းစောင့်ကြည့်ရန်အတွက် ဆီမွန်ဝဲလ်ဆိုသူ သီးသန့်ကင်းထောက်အား စေလွှတ်ထားကြောင်း သိရသည်။

ဆိုးလ်ရှားသည် မိုလ်ဒီအသင်းကို ကိုင်တွယ်စဉ်ကတည်းက ဆီမွန်ဝဲလ်နှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိပြီး ဆီမွန်ဝေးလ်မှာ ယင်းအချိန်တွင် မန်ယူအသင်း၏စကင်ဒီနေးဗီးယန်းဒေသ ကင်းထောက်အဖြစ် ဆောင်ရွက်နေစဉ်ဖြစ်သည်။

 

Most Read

Most Recent