အင်တာမီလန်နည်းပြ ကွန်တီ ကျည်ဆံတစ်တောင့်ပါဝင်သည့်ခြိမ်းခြောက်စာ ပေးပို့ခံရ

အင်တာမီလန်နည်းပြ ကွန်တီ ကျည်ဆံတစ်တောင့်ပါဝင်သည့်ခြိမ်းခြောက်စာ ပေးပို့ခံရ
Published 16 November 2019

အင်တာမီလန်အသင်းနည်းပြ ကွန်တီသည် အမည်မသိသူတစ်ဦးထံမှ ကျည်ဆံတစ်တောင့်ပါဝင်သည့် ခြိမ်းခြောက်စာ ပေးပို့ခြင်းခံခဲ့ရကြောင်း အီတလီသတင်းများက ဖော်ပြခဲ့သည်။

အီတလီရဲတပ်ဖွဲ့သည် ခြိမ်းခြောက်စာပေးပို့သူကို စုံစမ်းရှာဖွေလျက်ရှိပြီး ကွန်တီကိုယ်တိုင်ကလည်း သူ၏လုံခြုံရေးအတွက် ပိုမိုဂရုစိုက်လာခဲ့သည်။

ကွန်တီ၏နေအိမ်နှင့် အင်တာမီလန်အသင်းလေ့ကျင့်ရေးကွင်းတွင် လုံခြုံရေးတိုးမြှင့်ထားပြီး ဗီဒီယိုစောင့်ကြည့်စနစ်ပါ ထည့်သွင်းထားကြောင်း သိရသည်။

စာအိတ်နှင့် စာရှိ လက်ဗွေရာများမှတစ်ဆင့် ပေးပို့သူ၏သက်သေအထောက်အထားနှင့်အကြောင်းရင်းကို ရှာဖွေသွားမည်ဟု သတင်းများက ဖော်ပြခဲ့သည်။

ယင်းခြိမ်းခြောက်မှုသည် အာရုံစိုက်မှုလိုချင်သူတစ်ဦးမှ ပေးပို့ခြင်းဖြစ်နိုင်ခြေရှိပြီး စိုးရိမ်စရာမရှိကြောင်းလည်း သုံးသပ်မှုများရှိနေသည်။

သို့သော် ကွန်တီ၏လုံခြုံရေးအတွက် အင်တာမီလန်အသင်းရော ကာကယံရှင်ပါ သတိဝီရိယဖြင့်စောင့်ကြည့်နေကြောင်း သိရသည်။