ဒဏ်ရာကြောင့် ကာလရှည်အနားယူရမည့် ဒီယေဂိုကော်စတာ၏နေရာတွင် အက်သလက်တီကို အစားထိုးဖွယ်မရှိ

ဒဏ်ရာကြောင့် ကာလရှည်အနားယူရမည့် ဒီယေဂိုကော်စတာ၏နေရာတွင် အက်သလက်တီကို အစားထိုးဖွယ်မရှိ
Published 16 November 2019

အက်သလက်တီကိုအသင်းအနေဖြင့် ဒဏ်ရာကြောင့် ကာလရှည်အနားယူရဖွယ်ရှိသည့် တိုက်စစ်မှူး ဒီယေဂိုကော်စတာ၏ နေရာတွင် အစားထိုးရန် ကစားသမားသစ် ခေါ်ယူဖွယ်မရှိကြောင်း သိရသည်။

ဒီယေဂိုကော်စတာသည် လည်ပင်းနှင့် ကျောရိုးအထက်ပိုင်းတွင် နာကျင်မှုဝေဒနာ ခံစားနေရသောကြောင့် Scan စစ်ဆေးမှု ပြုလုပ်ရာ ခွဲစိတ်ကုသရမည့်အခြေအနေ ရင် ဆိုင်နေရခြင်းဖြစ်သည်။

အာရုံကြောဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်က ယင်းဒဏ်ရာကို ခွဲစိတ်ကုသရန် ညွှန်ကြားပါက သုံးလခန့် အနားယူရဖွယ်ရှိသော်လည်း အသင်းအနေဖြင့် ယခုရာသီအတွက် လစာအသုံးစရိတ် ဘတ်ဂျက်ကို ၁၀၀ ရာခိုင်နှုန်းအပြည့် သုံးစွဲ ထားပြီးဖြစ်သောကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးသစ် ခေါ်ယူဖွယ်မရှိခြင်းဖြစ်သည်ဟု Marca က ဖော်ပြခဲ့သည်။

ဒီယေဂိုကော်စတာသည် ယခုရာသီတွင် အသင်းအတွက် ပွဲစဉ်အမြောက်အမြားကစားထားပေးထားပြီး ၎င်းအနားယူရမှုမှာ နည်းပြ ဆီမြွန်နီအတွက် ခေါင်းခဲစရာဖြစ်လာဖွယ်ရှိနေသည်။

ယာအိုဖီးလစ်မှာ လာမည့်အပတ် ဂရန်နာဒါနှင့်ပွဲတွင် ပြန်လည်ပါဝင်ဖွယ်ရှိပြီး တိုက်စစ်အတွက် ကော်ရီယာ၊ ဗီတိုလိုစသည့်ကစားသမားများလည်း အရန်စာရင်းတွင်ရှိနေကြောင်း သိရသည်။

Most Read

Most Recent