Sister Group ကျွန်းများသို့ တာဆာကီပုလဲကုမ္ပဏီက တိုးချဲ့ဧရိယာများ လုပ်ဆောင်လာသည့်အပေါ် တာဝန်ရှိသူများက ဒေသခံများအား လာရောက်တွေ့ဆုံရာတွင် ဆလုံတိုင်းရင်းသားများက စီမံကိန်းဧရိယာတိုးချဲ့မှုအပေါ် သဘောမတူကြောင်း ပြောကြားခဲ့

Sister Group ကျွန်းများသို့ တာဆာကီပုလဲကုမ္ပဏီက တိုးချဲ့ဧရိယာများ လုပ်ဆောင်လာသည့်အပေါ် တာဝန်ရှိသူများက ဒေသခံများအား လာရောက်တွေ့ဆုံရာတွင် ဆလုံတိုင်းရင်းသားများက စီမံကိန်းဧရိယာတိုးချဲ့မှုအပေါ် သဘောမတူကြောင်း ပြောကြားခဲ့
Published 15 November 2019
ဇော်မိုးဦး (မြိတ်)

Sister Group ကျွန်းများသို့ တာဆာကီ ပုလဲကုမ္ပဏီက တိုးချဲ့ဧရိယာများ လုပ်ဆောင်လာသည့်အပေါ် တာဝန်ရှိသူများက ဒေသခံများအား လာရောက်တွေ့ဆုံရာတွင် ဆလုံတိုင်းရင်းသားများက စီမံကိန်းဧရိယာ တိုးချဲ့လာမှုအပေါ် သဘောမတူကြောင်း ပြောကြားခဲ့ကြသည်။

ဆလုံတိုင်းရင်းသားများ နေထိုင်ကျက်စားရာ Sister Group ကျွန်းများသို့ တာဆာကီပုလဲကုမ္ပဏီက စီမံကိန်းဧရိယာတိုးချဲ့လာနေသည့်အပြင် ကျွန်းပေါ်တွင် ပုလဲမွေးစခန်းများ တည်ဆောက်ထားခြင်း၊ ရေပြင်တွင် ဗောသီးလိုင်းတန်းများချထားခြင်းများ ဆောင်ရွက်ထားပြီဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆလုံတိုင်းရင်းသားများက လုံးဝသဘောမတူကြောင်း တင်ပြခဲ့ပြီးဖြစ်သလို နေပြည်တော်အထိ သွားရောက်၍ သယံဇာတ ဒုဝန်ကြီးဒေါက်တာရဲမြင့်ဆွေထံ သွားရောက်အသနား ခံတင်ပြထားခဲ့ကြောင်းသိရသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကလည်း တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးလှထွေး ဦးဆောင်သည့် တာဝန်ရှိသူများမှာ လငန် း ရွာသို့ လာရောက်ပြီး ဒေသခံများ၊ ဆလုံတိုင်း ရင်းသားများနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။

“သက်တမ်းတိုးတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကခွင့်ပြုတာပေါ့။ တိုင်းအစိုးက သဘောထားပေးရမယ်။ ကန့်ကွက်ရန် ရှိ/မရှိပေါ့။ အဲဒီလိုမျိုး  သဘောထားပေးဖို့ အတွက် နယ်မြေခံ၊ ဒေသခံတွေရဲ့အသံကိုလာနားထောင်တာပါ။ ကုမ္ပဏီရဲ့လုပ်ကွက်ကို လည်းကြည့်မယ်။ တာဆာကီနဲ့  ပတ်သက်ပြီး ကျွန်တော်တို့ကြည့်ထားတာက အခုလက်ရှိ ဧရိယာတွေက ၁၉၉၇ ခုနှစ် ပေးထားတာရှိတယ်။ ၂၀၀၁ ခုနှစ်မှာ ပေးထားတာရှိတယ်။ လက်ရှိတောင်းတယ်ဆိုတာက ငါးနှစ်သက်တမ်းတိုးဖို့တောင်းဆိုချက်ပါ။ အသစ်တောင်းတာမဟုတ ်ပါဘူး။ ဒီလုပ်ငန်းအမျိုးအစားကပြည်ထောင်စုကခွင့်ပြုတဲ့ လုပ်ငန်းအမျိုး အစားဖြစ်တယ် ဆိုပေမယ့် တိုင်းဒေသကြီး ရဲ့ သဘောထားကိုတောင်းပါတယ်။ လိုင်စင် က ငါးနှစ်တစ်ကြိမ် သက်တမ်းတိုးရတယ်။ မူလကပေးထားတာက ၁၅ နှစ် ဒါမှမဟုတ် အနှစ် ၂၀ ဖြစ်လိမ့်မယ်။ အဲဒီလို မူလသက် တမ်းကုန်သွားတဲ့အခါမှာ ငါးနှစ်တစ်ကြိမ် သက်တမ်းတိုးရတာရှိတယ်။ လက်ရှိအနေ အထားမှာ သက်တမ်းကုန်သွားပြီး ငါးနှစ်တိုး ရမယ့်ကုမ္ပဏီမျိုးမရှိသေးဘူး။ လာမယ့်နှစ်မှ သက်တမ်းကုန်မှာပါ။ အခုကကြိုပြီးတော့ တင်ပြထားတဲ့အပေါ်မှာ အစိုးရအဖွဲ့အနေနဲ့ သဘောထားပေးရမှာပါ။ လက်ရှိဧရိယာ    အပြင် တိုးချဲ့လာတဲ့ဧရိယာအတွက် စာရွက် စာတမ်းနဲ့ ခွင့်ပြုထားမှုမရှိပါဘူး။ လက်ရှိ Sister Group မှာ F-1.F-2.F-3 ဆိုပြီးလုပ်ကွက် သုံးကွက်ရှိတယ်။ ၂၀၀၁ မှာလျာထား တဲ့ဧရိယာဖြစ်တယ်။ ဒါကို ငါးနှစ်သက်တမ်း တိုးဖို့အတွက် သူတို့စွန့်သင့်တာစွန့်ပေးဖို့ကကျွန်တော်တို့ တိုက်တွန်းထားတဲ့အပိုင်းရှိ တယ်” ဟု တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ပြောကြားသည်။

တိုင်းဒေသကြီးအစိုးရက သဘောထား မှတ်ချက်မပေးရသေးသော်လည်း ၂၀၁၇ ခုနှစ်ကလည်း စောမွန်လှကျွန်းတွင် ပုလဲကုမ္ပဏီက အဆောက်အအုံများ လာရောက်ဆောက်ထားပြီးဖြစ်ကြောင်း လငန်းရွာမှ ဦး မြင့်လွင်က ပြောကြားသည်။

တိုင်းဒေသကြီးအစိုးရအနေဖြင့် ဒေသခံများ၏ အကျိုးစီးပွားကို ဦးစားပေးဆုံးဖြတ် မည်ဟုပြောကြားသော်လည်း လက်ရှိအနေ အထားတွင် တာဆာကီပုလဲကုမ္ပဏီ၌ နိုင်ငံ တော်၏အကျိုးတူပါဝင်ခွင့်နှုန်းထားမှာလည်း  ငါးရာခိုင်နှုန်းလျှော့ပေးလိုက်ရပြီဖြစ်ကြောင်း သိရသည်။

“ဆလုံတိုင်းရင်းသား လူမျိုးစုများရဲ့ ဒေသလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒရေးဆွဲရေးကော်မတီဖွဲ့ပြီး တစ်လတစ်ကြိမ် အစည်းအဝေးလုပ်နေတဲ့ အပိုင်းလည်း ရှိတယ်။ ဆလုံတိုင်းရင်းသားတွေကို သီးသန့် ထောက်ပံ့နေတာလည်းရှိတယ်။ ဒါက ဆလုံ တိုင်းရင်းသားတွေအတွက် အကျိုးပေါ့။ ဒီ ဘက် ရေပြင်/မြေပြင်အခြေအနေမှာ အမှုတွဲစာရွက်စာတမ်းလေ့လာကြည့်ရာမှာ သူ တို့လျာထားတာက ၁၉၉၇ ခုနှစ်က လျာထားတာ။ နောက်တော့ ၂၀၀၁ မှာ လျာထားတယ်။ အဲဒါကို သက်တမ်းတိုးလျှောက်တဲ့အပေါ်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ သဘောထား တောင်းတာရှိတယ်။ အဲဒါကိုတိုင်းအစိုးရ အဖွဲ့အနေနဲ့ သဘောထားပေးဖို့  မြေပြင်/ရေ ပြင်မှာ ဘယ်လိုအခြေအနေရှိတယ်ဆိုတာသိရှိဖို့ ကျွန်တော်လာခြင်းဖြစ်ပါတယ်။ အစိုးရ အဖွဲ့ရဲ့သဘောထားကို ကျွန်တော့်အနေနဲ့ ကြိုတင်ပြီးပြောပိုင်ခွင့်မရှိပါဘူး။ ကြိုလည်း မသိနိုင်ပါဘူး။ သက်မဲ့နဲ့ သက်ရှိကိစ္စမှာ ကျွန်တော်က နိုင်ငံတော်ရဲ့ စီမံကိန်းတစ်ခုဟာ ဒေသခံလူထုရဲ့ အကျိုးစီးပွားကြည့်ရမယ်။ တိုင်းဒေသကြီးတစ်ခုလုံးရဲ့ အကျိုးစီးပွား ကြည့်ရမယ်။ နိုင်ငံတော်ရဲ့အကျိုးစီးပွားကြည့်ရမယ်။ ဒီအပေါ်မှအခြေတည်ပြီး ဆုံးဖြတ်ရမှာပါ။ ဒီဟာကတော့ တာဆာကီကုမ္ပဏီလို့ အများကသိကြတာပေါ့။ အမှန်က နိုင်ငံတော်ဖက်စပ်ပါ။ ယခင်က ၇၅ ရာခိုင်နှုန်း၊ နိုင်ငံတော်က ရေပြင်မြေပြင်ပေးတယ်။ ထုတ်လုပ်မှုအပေါ် မှာ ၂၅ ရာခိုင်နှုန်းရတယ်။ အခုနောက်ပိုင်းမှာ ၂၀ ရာခိုင်နှုန်းက နိုင်ငံတော်၊ ၈၀ ရာခိုင်နှုန်းက ကုမ္ပဏီဖြစ်သွားတယ်။ လူထုရဲ့အကျိုး၊ တိုင်းဒေသကြီးရဲ့ အကျိုး၊ နိုင်ငံတော်တစ်ခုလုံးရဲ့အကျိုးစီးပွားကိုကြည့်ပြီး ဆုံးဖြတ်လိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်”ဟု ဝန်ကြီးလှထွေးက ဆက်လက်ပြောကြားခဲ့သည်။

ဝန်ကြီးနှင့် တွေ့ဆ ုံပွဲသို့ တက်ရောက် လာသည့် ဆလုံတိုင်းရင်းသားအားလုံးက စီမံကိန်းတိုးချဲ့ဧရိယာလုပ်ဆောင်လာမှုအပေါ်လုံးဝသဘောမတူကြောင်း ပြောကြားခဲ့သလို ရေကန်တောင်ကျေးရွာအုပ်စု ၁၆ ရွာမှ ဒေသခံများကလည်း ပုလဲကုမ္ပဏီ၏ တိုးချဲ့လာ မှုအပေါ်ကန့်ကွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားခဲ့သည်။                 

တာဆာကီပုလဲကုမ္ပဏီအနေဖြင့် ဒိုမယ် ကျွန်းတွင် ပုလဲမွေးမြုရေး လုပ်နေပြီး ဆလုံတိုင်းရင်းသားများနှင့်ဒေသခံများက ကန့် ကွက်မှုမပြုလုပ်ဘဲ ရေမိုင် ကိုးမိုင်ဝေးသည့်  လငန်းရွာအနီးအထိ စီမံကိန်းတိုးချဲ့လာမှုကို သာ ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရသည်။ တိုးချဲ့ဧရိယာတောင်းခံထားမှုကို သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် မေ၂ရက် နေ့ စွဲဖြင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံတွင် သဘောထားမှတ်ချက်တောင်းခံထား သော်လည်း ယခုအထိ တိုင်းအစိုးရအနေဖြင့် ပြတ်သားစွာ လုပ်ဆောင်နိုင်ခြင်းမရှိဖြစ်နေ ကြောင်း သိရသည်။

Most Read

Most Recent