ချယ်လ်ဆီးအသင်း၌ စည်းကမ်းဖောက်ဖျက်သည့် ကစားသမားများကိုချမှတ်မည့် ဒဏ်ငွေစာရင်း ပြင်ပသို့ပေါက်ကြားခဲ့ပြီး ပရိသတ်များ အံ့အားသင့်နေ

ချယ်လ်ဆီးအသင်း၌ စည်းကမ်းဖောက်ဖျက်သည့် ကစားသမားများကိုချမှတ်မည့် ဒဏ်ငွေစာရင်း ပြင်ပသို့ပေါက်ကြားခဲ့ပြီး ပရိသတ်များ အံ့အားသင့်နေ
Photos: Daily Mail,The Sun,Guardian,Getty Images
Photos: Daily Mail,The Sun,Guardian,Getty Images
Published 13 November 2019

လမ်းပတ်သည် လေ့ကျင့်ရေးစတင်ချိန်တွင် အချိန်မီမရောက်ရှိဘဲ နောက်ကျသည့် ကစားသမားအား ဒဏ်ငွေပေါင် ၂၀၀၀၀ (မြန်မာငွေ သိန်း ၄၀၀ နီးပါး) အထိ ချမှတ်သွားမည်ဖြစ်ရာ ချယ်လ်ဆီးအသင်းတွင် လမ်းပတ်၏ စည်းကမ်းတင်းကျပ်မှုကို ပရိသတ်များက အံ့အားသင့်ခဲ့ခြင်းဖြစ်သည်။ လူမှုကွန်ရက်စာမျက်နှာများတွင် ချယ်လ်ဆီးအသင်း၏ ဒဏ်ကြေးငွေနှင့် ပတ်သက်၍ ပရိသတ်များက ဝေဖန်မှတ်ချက်များ အမျိုးမျိုးပေးခဲ့ ကြကြောင်း သိရှိရသည်။ 

 

ချယ်လ်ဆီးအသင်းတွင် စည်းကမ်းဖောက်ဖျက်သည့် ကစားသမားများကို ချမှတ်မည့်ဒဏ်ငွေများအား အသင်းလေ့ကျင့်ရေးကွင်းနံရံတွင် ဖော်ပြထားပြီး ယင်းဒဏ်ငွေစာရင်းမှာ ပြင်ပသို့ ပေါက်ကြားခဲ့ကြောင်း သိရှိ ရသည်။ နည်းပြဖြစ်သူ ဖရန့်လမ်းပတ်က လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ထားသော ယင်းဒဏ်ငွေစာရင်းတွင်အကြောင်းအရာအမျိုးမျိုးအတွက် ချမှတ်မည့်ငွေကြေးပမာဏများ ပါဝင်ခဲ့ပြီး ယင်းဒဏ်ငွေစာရင်းမှာ ပရိသတ်များကို အံ့အားသင့်စေခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

လမ်းပတ်သည် လေ့ကျင့်ရေးစတင်ချိန်တွင် အချိန်မီမရောက်ရှိဘဲ နောက်ကျသည့် ကစားသမားအား ဒဏ်ငွေပေါင် ၂၀၀၀၀ (မြန်မာငွေ သိန်း ၄၀၀ နီးပါး) အထိ ချမှတ်သွားမည်ဖြစ်ရာ ချယ်လ်ဆီးအသင်းတွင် လမ်းပတ်၏ စည်းကမ်းတင်းကျပ်မှုကို ပရိသတ်များက အံ့အားသင့်ခဲ့ခြင်းဖြစ်သည်။ လူမှုကွန်ရက်စာမျက်နှာများတွင် ချယ်လ်ဆီးအသင်း၏ ဒဏ်ကြေးငွေနှင့် ပတ်သက်၍ ပရိသတ်များက ဝေဖန်မှတ်ချက်များ အမျိုးမျိုးပေးခဲ့ ကြကြောင်း သိရှိရသည်။ 

လမ်းပတ်သည် ချယ်လ်ဆီးအသင်းကို အလွန်တင်းကျပ်သောစည်းကမ်းများဖြင့် ကိုင်တွယ်နေသည်ဟု ပရိသတ်အချို့ကဝေဖန်ခဲ့ကြပြီး ပရိသတ်တစ်ဦးကလည်းချယ်လ်ဆီးအသင်းမှ ပရော်ဖက်ရှင်နယ်ကစားသမား များအနေဖြင့် အခြားသော ဂြိုဟ်ကမ္ဘာတစ်ခုပေါ်တွင် နေထိုင်ရသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်ခဲ့သည်။ ပရိသတ်တစ်ဦးကလည်း လေ့ကျင့်ရေးကွင်းသို့ နောက်ကျခြင်းအတွက် ပေါင်(၂၀၀၀၀)အထိ ချမှတ်ခြင်းမှာ အလွန်များပြားကြောင်း မှတ်ချက်ပြုခဲ့သည်။ အချို့သော ပရိသတ်များကလည်း ယင်းကဲ့သို့ ဒဏ်ငွေအမြောက်အမြား ချမှတ်ခြင်းကို အားပေးခဲ့ပြီး၊ ယင်းငွေကြေးပမာဏမှာချယ်လ်ဆီး ကစားသမားများအတွက် (၅၀)ပဲနိ(ပေါင်တစ်ဝက်)မျှသာ တန်ကြေးရှိမည်ဖြစ်ကြောင်း ပရိသတ်တစ်ဦးက ရေးသားခဲ့သည်။

ယင်းဒဏ်ငွေစာရင်းတွင် အကြောင်းအရာ(၁၂)မျိုးအ တွက် ဒဏ်ငွေများအသီးသီး ကြေညာထားပြီး ယင်းဒဏ်ငွေသတ်မှတ်ချက်အားလုံးကို နည်းပြဖြစ်သူ၏ òန်ကြားချက်အရ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယင်းဒဏ်ငွေများ အား အသင်း၏ လူမှုရေးလုပ်ဆောင်မှုများနှင့် အလှူရန်ပုံငွေများ၌ အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ ထို့ပြင် " ကစားသမားများ၏ မိသားစုများ၊ ဧည့်သည်များအနေဖြင့် လေ့ကျင့်ရေးကွင်းသို့ လာရောက်ကြည့်ရှုလိုပါက အသင်းနည်းပြဖြစ်သူထံ(၂၄)နာရီကြိုတင်၍ အကြောင်းကြားရမည်" ၊  " လေ့ကျင့်ရေးကွင်းသို့ အသင်း၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဝင်ရောက်လည်ပတ်ခြင်းမှ လွဲ၍ ကစားသမားအေးဂျင့်များ ဝင်ရောက်ခွင့်မရှိ" ၊  " လေ့ကျင့်ရေး မစတင်မီ အသင်းမှ ပုံမှန်ကျွေးမွေးနေသည့် နံနက်စာမှလွဲ၍ အခြားအစားအသောက်များ  ယူဆောင်စားသောက်ခွင့်မရှိ" စသော အချက်များကိုလည်း ယင်းကြေညာစာတွင် ဖော်ပြထားကြောင်း သိရှိရသည်။ ယင်းစည်းကမ်းသတ်မှတ်ချက်ကြေညာစာတွင် ဖော်ပြ ထားသောနေ့စွဲအရ ယခုနှစ် သြဂုတ်လ (၂၇) ရက်နေ့တွင် ယင်းစည်းကမ်းများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent