၂၀၁၈-၁၉ ရာသီမှစတင်ပြီး ဂိုးကန်သွင်းချက်များကို ဂိုးအဖြစ် ပြောင်းလဲနိုင်မှုတွင် မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ထက် ဘန်ဇီမာ ပိုကောင်းနေ

၂၀၁၈-၁၉ ရာသီမှစတင်ပြီး ဂိုးကန်သွင်းချက်များကို ဂိုးအဖြစ် ပြောင်းလဲနိုင်မှုတွင် မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ထက် ဘန်ဇီမာ ပိုကောင်းနေ
Photos: Getty Images
Photos: Getty Images
Published 13 November 2019

ဘန်ဇီမာသည် အဆိုပါသွင်းဂိုး (၄၁) ဂိုးကို ဂိုးကန်သွင်းချက် (၉၇)ကြိမ်မှ ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းမှာ ဂိုးကန်သွင်းချက် (၂.၃)ကြိမ်လျှင် (၁) ဂိုးနှုန်းသွင်းယူခဲ့ခြင်းဖြစ်ကာ မက်ဆီ (၂.၅ ကြိမ်)၊ ဆွာရက်ဇ် (၂.၈ ကြိမ်)နှင့် စီရော်နယ်လ်ဒို (၃.၂ ကြိမ်)တို့ထက် သာလွန်ခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ဘန်ဇီမာသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီမှစတင်ပြီး  ဂိုးကန်သွင်းချက်များကို ဂိုးအဖြစ် ပြောင်းလဲရာတွင် နာမည်ကျော်များဖြစ်သည့် မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ထက်ပင် ပိုကောင်းနေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။ 

အသက် (၃၁)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာသည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ဂျူဗင်တပ်စ်အသင်းသို့ စီရော်နယ်လ်ဒို ပြောင်းရွှေ့သွားပြီးနောက် ရီးယဲလ်အသင်းအတွက် ဂိုးများ ဒိုင်ခံသွင်းပေးသူဖြစ်သည်။ ဘန်ဇီမာသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီမှစကာ လက်ရှိအချိန်အထိ ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၄၁)ဂိုးအထိ သွင်းယူထားပြီး ဥရောပထိပ်တန်းလိဂ် (၅)ခုတွင်  ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး (၆၃ ဂိုး)၊ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ (၆၀ ဂိုး)နှင့် PSG တိုက်စစ်မှူး ဘာပေ (၄၇ ဂိုး)တို့ပြီးရင် ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နေသည်။ 

သို့သော် ဘန်ဇီမာသည် အဆိုပါသွင်းဂိုး (၄၁) ဂိုးကို ဂိုးကန်သွင်းချက် (၉၇)ကြိမ်မှ ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းမှာ ဂိုးကန်သွင်းချက် (၂.၃)ကြိမ်လျှင် (၁) ဂိုးနှုန်းသွင်းယူခဲ့ခြင်းဖြစ်ကာ မက်ဆီ (၂.၅ ကြိမ်)၊ ဆွာရက်ဇ် (၂.၈ ကြိမ်)နှင့် စီရော်နယ်လ်ဒို (၃.၂ ကြိမ်)တို့ထက် သာလွန်ခဲ့သည်။ 

အဆိုပါကာလအတွင်း ဘန်ဇီမာထက် ပိုကောင်းအောင်စွမ်းဆောင် နိုင်သူမှာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးတစ်ဦးတည်းသာရှိပြီး သူသည် ဂိုးကန်ချက် (၁.၉၅)ကြိမ်တွင် (၁)ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဘန်ဇီမာသည် ရီးယဲလ်အသင်းကို ဇီဒန်းပြန်လည်ကိုင်တွယ်ချိန်တွင် အသင်းအတွက် ပွဲချိန်အများဆုံးကစားသူအဖြစ် (၂၀၉၂) မိနစ်ဖြင့် ရပ်တည်ခဲ့ကြောင်းလည်း သိရသည်။

Most Read

Most Recent