ဒဏ်ရာရှိနေသည့် ပူလီဆစ် အမေရိကန် အသင်း၏ ပွဲစဉ်များကို လွဲချော်ဖွယ်ရှိ

ဒဏ်ရာရှိနေသည့် ပူလီဆစ် အမေရိကန် အသင်း၏ ပွဲစဉ်များကို လွဲချော်ဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 13 November 2019

ပူလီဆစ် သည် ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ချယ်လ်ဆီး (၂-၀) ခရစ္စတယ်ပဲလေ့စ်ပွဲတွင် ပြိုင်ဘက်အသင်းဂိုးသမားနှင့် ထိခိုက်မိပြီး ယင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

 

ချယ်လ်ဆီးအသင်း၏ အမေရိကန်တောင်ပံကစားသမား ပူလီဆစ်သည် တင်ပါးဆုံဒဏ်ရာကြောင့် အမေရိကန်လက်ရွေးစင်အသင်း၏ နိုင်ငံတကာပွဲစဉ်များတွင် ပါဝင်ကစားနိုင်ရန် မသေချာကြောင်း သိရှိရသည်။ 

ပူလီဆစ် သည် ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ချယ်လ်ဆီး (၂-၀) ခရစ္စတယ်ပဲလေ့စ်ပွဲတွင် ပြိုင်ဘက်အသင်းဂိုးသမားနှင့် ထိခိုက်မိပြီး ယင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ပူလီဆစ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၃)ပွဲ ဆက်တိုက် ဂိုးသွင်းယူခဲ့ပြီး (၅)ဂိုးအထိ သွင်းယူပေးခဲ့သည်။ 

အမေရိကန်လက်ရွေးစင်အသင်းသည် လာမည့်နိုဝင်ဘာ (၁၅)ရက်နေ့တွင် ကနေဒါအသင်းနှင့်လည်းကောင်း၊ နိုဝင်ဘာ(၁၉)ရက်နေ့တွင် ကျူးဘားအသင်းနှင့်လည်းကောင်း၊ CONCACAF Nations League အုပ်စုပွဲစဉ်များကို ကစားရန်ရှိနေခြင်းဖြစ်သည်။

 

Most Read

Most Recent