အထည်ချုပ်သည် ပို့ကုန်ကဏ္ဍ၌ အတိုးတက်ဆုံးဖြစ်ပြီး လက်ရှိဘဏ္ဍာနှစ်တစ်လခန့်တွင် တင်ပို့မှုတန်ဖိုး ဒေါ်လာ သန်း ၃၂၀ ကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၄၀ ခန့် ပိုမိုတင်ပို့ခဲ့

အထည်ချုပ်သည် ပို့ကုန်ကဏ္ဍ၌ အတိုးတက်ဆုံးဖြစ်ပြီး လက်ရှိဘဏ္ဍာနှစ်တစ်လခန့်တွင် တင်ပို့မှုတန်ဖိုး ဒေါ်လာ သန်း ၃၂၀ ကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၄၀ ခန့် ပိုမိုတင်ပို့ခဲ့
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 10 November 2019
ဇေယျာငြိမ်း

အထည်ချုပ်(ချုပ်ပြီးအထည်)သည် ပို့ကုန်ကဏ္ဍ၌ အတိုးတက်ဆုံးဖြစ်ပြီး လက်ရှိ ဘဏ္ဍာနှစ် တစ်လခန့်တွင် တင်ပို့မှုတန်ဖိုး ဒေါ်လာသန်း ၃၂၀ ကျော်ရှိပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၄၀ ခန့်ပိုမိုရရှိ ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှ ၂၅ ရက်အထိ ပြည်သို့ အထည် ချုပ်(ချုပ်ပြီးအထည်)တင်ပို့မှု ဒေါ်လာ ၃၂၅ သန်းရှိသည်။ ယခင်နှစ်ကာလတွင် ဒေါ်လာ ၂၈၇ သန်းကျော်သာ တင်ပို့ထားနိုင်ခဲ့သည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် တစ်လခန့်တွင် အထည်ချုပ်(ချုပ်ပြီးအထည်)တင်ပို့ မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၈ သန်းခန့် ပိိုမိုတင်ပို့ထားခြင်းဖြစ်သည်။

“အခုလက်ရှိမှာ ဒေါ်လာ ၃၂၅ သန်း ပေါ့။ ကာလတူနဲ့ယှဉ်ရင် ဒေါ်လာ ၃၈ သန်း လောက်ပိုတဲ့အနေအထားမှာရှိတယ်။ သူက တော့အတိုးတက်ဆုံးပေါ့”ဟု လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ဆိုသည်။

၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ ကုန်တန်ဖိုးဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါး ရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာ နိုင်ငံ အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ် လာ ၁၀ ဘီလျံရရှိရန် မျှော်မှန်းထား ကြောင်း ၂၀၁၉ ခုနှစ် မေ ၁၁ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အ သင်း၏ ပဥ္စမအကြိမ် နှစ်ပတ်လည်အသင်း သား စုံညီအစည်းအဝေးတွင် အသင်းအတွင်း ရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြား သည်။

“ကျွန်မတို့ကဏ္ဍမှာ အလုပ်သမားတိုး တာက ငါးဆ၊ ဝင်ငွေတိုးတာက ၁၀ ဆပေါ့ နော် ။ ဒါဆိုရင် ကျွန်မတို့ အလုပ်သမားတွေ ရဲ့ ထုတ်လုပ်မှုကို နှစ်ဆတိုးအောင် လုပ်ရ မယ်။ အဲဒီအတွက် တောက်လျှောက်ဆောင် ရွက်နေပါတယ်”ဟု မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။ 

မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင်လည်း ထုတ်လုပ်မှုကဏ္ဍတွင် အထည်ချုပ်ကဏ္ဍ၌ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင်များအသင်းတွင် အသင်း ဝင် ၅၀၀ ကျော်ပြီး အလုပ်သမားခန့်ထားမှု မှာလည်း ငါးသိန်းကျော်ရှိသည်။

သို့သော် မြန်မာနိုင်ငံအနေဖြင့် လက်ခ စားစနစ်ဖြင့် ချုပ်လုပ်ခြင်းဖြစ်သဖြင့် ချုပ်ခ အနေဖြင့် ၁၀ ရာခိုင်နှုန်းခန့်သာရရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံက ချုပ်ခကို ဝင်ငွေအနေ နဲ့ရတာ။ ဒါက ပျမ်းမျှအနေနဲ့ပြောတာပါ။ တချို့ဆို ရှစ်ရာခိုင်နှုန်းလောက်ပဲ ရတဲ့သူ တွေ ရှိတယ်။ တချို့ဆို ၁၂ အထိရတဲ့သူတွေရှိ တယ်။ High Value Price ဆို နည်းနည်းပို ရတာပေါ့။ အရည်အသွေးကောင်းပြီး သေချာချုပ်ထားတာကတော့ ၁၂ ရာခိုင်နှုန်း လောက် ရတယ်။ အရမ်းပေါပေါလောလော ကြီးနဲ့ သိန်းနဲ့ချီပြီးအပ်ပြီး ချုပ်ခအရမ်းနည်းတဲ့ဟာတွေက ရှစ်ရာခိုင်နှုန်းလောက်ပဲရ တယ်။ ဒါကြောင့်မို့ ပျှမ်းမျှကို ၁၀ ရာခိုင်နှုန်း လို့ ပြောတာဖြစ်ပါ တယ်”ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ အတွင်း ရေးမှူး ဒေါ်ခိုင်ခိုင် နွယ်က ပြောကြားသည်။

လက်ရှိအချိန်တွင် CMP လက်ခစား လုပ်ငန်းများမှ နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း ၃၀၀ ခန့်သာ ဝင်ငွေရှိသော်လည်း အဆိုပါ လုပ်ငန်းများကို FOB စနစ်ကို ဆောင်ရွက် နိုင်မည်ဆိုပါက ဒေါ်လာသန်း ၃၀၀၀ (သုံး ဘီလျံ)အထိ  နိုင်ငံ့ဝင်ငွေရရှိလာမည်ဖြစ် ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

ပြည်ပမှ ကုန်ကြမ်းတင်သွင်းပြီး ပြည်တွင်း၌ ကုန်ချောထုတ်ကာ ပြည်ပသို့ ပြန် လည်တင်ပို့သည့် CMP  လက်ခစားစနစ်ကို မြန်မာနိုင်ငံ၌ ၁၉၉၀ ခုနှစ်က အထည်ချုပ် လုပ်ငန်းနှင့် စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိ အချိန်တွင် ဖိနပ်၊ အိတ်ချုပ်လုပ်ငန်း၊ ပလတ်စတစ်ကုန် ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ ဆံပင်အတုလုပ်ငန်းများအပြင် အခြားသော လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်းလုပ်ငန်းပေါင်း ၇၀ ကျော်အထိ ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် CMP လက်ခစား စနစ်လုပ်ငန်းသည့် နှစ်ပေါင်း သုံးဆယ်ခန့် ရှိလာပြီဖြစ်သော်လည်း ကိုယ်တိုင်ထုတ်လုပ်နိုင်သည့် အခြေအနေသို့ တက်လှမ်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 

 

Most Read

Most Recent