စီးရီးအေပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်
Photo : Inter Facebook
Photo : Inter Facebook
Published 9 November 2019

 

ဘရက်စီယာ နှင့် တိုရီနို (စနေည ၈း၃၀ နာရီ)

ကစားပုံမဆိုးပေမယ့် ဘရက်စီယာက နိုင်ပွဲပျောက်ဆုံးနေပြီး တန်းဆင်းဇုန်ထဲရောက်နေတယ်။ တိုက်စစ်က အတွဲမမိလို့ ဂိုးရဖို့ ရုန်းကန်နေရတယ်။ ဒါပေမဲ့ တိုရီနိုက အဝေးကွင်းညံ့လို့ ဘရက်စီယာ ရလဒ်ကောင်းမယ်။

အင်တာမီလန် နှင့် ဗီရိုနာ (စနေည ၁၁း၃၀ နာရီ)

လူကာကူက အင်တာမီလန်ရဲ့ သွင်းဂိုးမှတ်တမ်းဟောင်းတွေ လိုက်မီတဲ့အထိ အစွမ်း ပြနေပြီး ရလဒ်ကောင်းတွေ ရယူပေးနေတယ်။ ဒါပေမဲ့ လက်ရှိ အင်တာမီလန်ခံစစ်က နည်းပြကွန်တီရဲ့အသင်းလို့ မထင်ရအောင် ခံစစ်လျော့ရဲပြီး ဂိုးတွေပေးနေရတယ်။ ဗီရိုနာက ဒီရာသီအဝေးကွင်း (၅)ပွဲမှာ (၂)ပွဲနိုင်၊ (၁)ပွဲသရေကစားထားပြီး ရှုံးခဲ့တဲ့(၂)ပွဲမှာ ဂျူဗင် တပ်စ်၊ နာပိုလီတို့ကို ဒုက္ခပေးနိုင်ခဲ့တယ်။ အင်တာမီလန် (၂)ဂိုးပြတ်၊ မပြတ်စဉ်းစားရမယ်။

နာပိုလီ နှင့် ဂျီနိုအာ (တနင်္ဂနွေနံနက် ၂း၃၀ နာရီ)

အန်ဆယ်လော့တီရဲ့ နာပိုလီက ချန်ပီယံဆုပြေးလမ်းပေါ်ကတင်မဟုတ်ဘဲ ချန်ပီယံလိဂ်ဝင်ခွင့်စည်းဝိုင်းအပြင်ဘက်ကို တဖြည်းဖြည်းရောက်ရှိလာတယ်။ တိုက်စစ်မှာ ကစားသမားပွဲထုတ်မှု မတည်ငြိမ်လို့ ဂိုးသွင်းနှုန်းလျော့နေတယ်။ ဂျီနိုအာက နည်းပြ မော့တာလက်ထက် ပထမဆုံးပွဲမှာ ဂိုးပြတ်အောင်ပွဲရခဲ့ပေမယ့် နောက်ဆုံး(၂)ပွဲခြေစွမ်းက စိတ်ပျက်စရာကောင်းပါတယ်။ နာပိုလီ အနိုင်သေချာပြီး (၂)ဂိုးပြတ်ပါမယ်။

 

Most Read

Most Recent