ခရစ္စမတ်ကာလတွင် ရုပ်သံမှ တိုက်ရိုက်ပြသမည့် ပွဲစဉ်များအတွက် အချိန်ဇယားအသေးစိတ်ကို ပရီးမီးယားလိဂ်အဖွဲ့ချုပ် ထုတ်ပြန်ကြေညာ

ခရစ္စမတ်ကာလတွင် ရုပ်သံမှ တိုက်ရိုက်ပြသမည့် ပွဲစဉ်များအတွက် အချိန်ဇယားအသေးစိတ်ကို ပရီးမီးယားလိဂ်အဖွဲ့ချုပ် ထုတ်ပြန်ကြေညာ
Photo: The Sun
Photo: The Sun
Published 18 October 2019

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ခရစ္စမတ်ကာလတွင် ရုပ်သံမှ တိုက်ရိုက်ပြသမည့်ပွဲစဉ်များအတွက် အချိန်ဇယားအသေးစိတ်ကို ကြာသပတေးနေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ခရစ္စမတ်ကာလတွင် ရုပ်သံမှ တိုက်ရိုက်ပြသမည့်ပွဲစဉ်များအတွက် အချိန်ဇယားအသေးစိတ်ကို ကြာသပတေးနေ့က ထုတ်ပြန်ကြေညာခဲ့သည်။

    

ခရစ္စမတ်ကာလပွဲစဉ်များအတွက် အချိန်ဇယားအသေးစိတ်ကို ထုတ်ပြန်ရန် နောက်ကျနေမှုကြောင့်  ကလပ်အသင်းပရိသတ်အချို့သည် ပရီးမီးယားလိဂ်အဖွဲ့ချုပ်အား ပြစ်တင်ဝေဖန်သည့် ထုတ်ပြန်မှုများပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။ 

ယခုအခါ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ဒီဇင်ဘာ(၃)ရက်နေ့မှ ၂၀၂၀ ဇန်နဝါရီ(၂၃)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များ၏ အချိန်ဇယားနှင့် ပြသမည့်ရုပ်သံလိုင်းများကို ထုတ်ပြန်ကြေညာပေးခဲ့ခြင်းဖြစ်သည်။

 

ယင်းပွဲစဉ်များထဲတွင် မန်ယူနှင့် အာဆင်နယ်အသင်းတို့၏ပွဲစဉ်မှာ (၉)ပွဲစီ ပါဝင်ခဲ့ကြောင်းလည်း သိရှိရသည်။ 

     

ပရိသတ်များ စိတ်အဝင်စားဆုံးဖြစ်သည့်  Boxing Day ပွဲစဉ်များကို ဒေသစံတော်ချိန် နေ့လယ်(၁၂း၃၀)နာရီ၊ ညနေ(၃းဝဝ)နာရီ၊ (၅း၃၀)နာရီ၊ ည(ရး၄၅)နာရီနှင့် ည(၈းဝဝ)နာရီတို့တွင် (၂)ရက်ခွဲ၍ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

လီဗာပူးလ်အသင်းသည် ဒီဇင်ဘာ(၂၆) ရက်၌ လက်စတာနှင့်အဝေးကွင်းပွဲကို ည(၈းဝဝ)နာရီတွင် ကစားရမည်ဖြစ်၍ လိုက်ပါအားပေးမည့် ပရိသတ်များကို အကြိုအပို့ပြုလုပ်ပေးသွားရန် စီစဉ်နေကြောင်းလည်း သိရှိရသည်။

 

Most Read

Most Recent