ပြီးခဲ့သည့်ရာသီက ရွှေဖိနပ်ဆုရရှိခဲ့သည့် ဆာလာနှင့် မာနေတို့ ယခုရာသီ၌လုံးဝအတွဲအဖက်မမိဖြစ်နေသည်ကို အချက်အလက်များ ဖော်ပြ

ပြီးခဲ့သည့်ရာသီက ရွှေဖိနပ်ဆုရရှိခဲ့သည့် ဆာလာနှင့် မာနေတို့ ယခုရာသီ၌လုံးဝအတွဲအဖက်မမိဖြစ်နေသည်ကို အချက်အလက်များ ဖော်ပြ
Photos: Daily Mail
Photos: Daily Mail
Published 16 October 2019

ပြီးခဲ့သည့်ရာသီ များတွင် လီဗာပူးလ်အသင်း၌ အတွဲညီခဲ့သည်ဟု သတ်မှတ်ခြင်းခံထားရသော ဆာလာနှင့် မာနေတို့မှာ ယခုရာ သီတွင် ဆက်ဆံရေးဆိုးရွားလျက်ရှိနေပြီး ကွင်းအတွင်း၌လည်း ၎င်းတို့နှစ်ဦးအကြား တစ်ဦးကိုတစ်ဦး ပံ့ပိုးမှုမရှိ ဖြစ်နေခြင်းဖြစ်သည်။ 

 

ပီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် သွင်းဂိုး(၂၂)ဂိုးစီ သွင်းယူပြီး ရွှေဖိနပ်ဆုများ ရရှိခဲ့ကြသည့် လီဗာပူးလ်တိုက်စစ်မှူး ဆာလာနှင့် မာနေတို့မှာ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လုံးဝအတွဲအဖက်မမိဖြစ်နေ သည်ကို အချက်အလက်များက ထင်ထင်ရှားရှားပြသလျက်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၈-၁၉ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း နှင့်အတူ ၎င်းတို့နှစ်ဦးမှာ သွင်းဂိုး(၂၂)ဂိုးစီ သွင်းယူခဲ့ကြ ၍ ဂိုးသွင်းဘုရင်ဆုကို (၃)ဦးပူးတွဲရရှိခဲ့ပြီး ရွှေဖိနပ်ဆု များကို အသီးသီးဆွတ်ခူးနိုင်ခဲ့ကြသည်။ ပြီးခဲ့သည့်ရာသီများတွင် လီဗာပူးလ်အသင်း၌ အတွဲညီခဲ့သည်ဟု သတ်မှတ်ခြင်းခံထားရသော ဆာလာနှင့် မာနေတို့မှာ ယခုရာ သီတွင် ဆက်ဆံရေးဆိုးရွားလျက်ရှိနေပြီး ကွင်းအတွင်း၌လည်း ၎င်းတို့နှစ်ဦးအကြား တစ်ဦးကိုတစ်ဦး ပံ့ပိုးမှုမရှိ ဖြစ်နေခြင်းဖြစ်သည်။ 

ယခုရာသီတွင် ပရီးမီးယားလိဂ် ပွဲစဉ်(၈)ပွဲကစားပြီးချိန်၌ တစ်ဦးဂိုးသွင်းနိုင်ရန်အတွက် အခြားတစ်ဦးက ဂိုးပံ့ပိုးမှုလုံးဝမရှိသလို၊ ဂိုးအခွင့်အရေး ဖန်တီးမှုအချက်အလက်မှာလည်း အလွန်ဆိုးရွားနေကြောင်း သိရှိရသည်။ မာနေက ဆာလာထံ ဂိုးအခွင့်အရေးဖန်တီးပေးပို့မှုမှာ (၄)ကြိမ်သာရှိပြီး ဆာလာက မာနေထံ ဂိုးအခွင့်အရေးဖန်တီးပေးပို့မှုမှာ (၁)ကြိမ်ပင်မရှိကြောင်း သိရှိရသည်။

ယခုရာသီတွင် လီဗာပူးလ်အသင်း ရလဒ်ကောင်းများရရှိကာ နိုင်ပွဲဆက်နေသော်လည်း အသင်း၏အဓိကတိုက်စစ်မှူး နှစ်ဦး၏ ပြိုကွဲမှုပြဿနာက အသင်းအတွက် စိုးရိမ်စရာဖြစ်နေသည်ဟုလည်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

Most Read

Most Recent