ဆွီဒင်နှင့်ပွဲ၌ ဂိုးသမား ဒီဟေးယား ဒဏ်ရာရရှိသွားသဖြင့် မန်ယူအသင်း အခက်တွေ့ဖွယ်ရှိ

ဆွီဒင်နှင့်ပွဲ၌ ဂိုးသမား ဒီဟေးယား ဒဏ်ရာရရှိသွားသဖြင့် မန်ယူအသင်း အခက်တွေ့ဖွယ်ရှိ
Photos: AFP
Photos: AFP
Published 16 October 2019

ဒီဟေးယားသည် ယင်းပွဲတွင် လက်စွမ်းပြကာကွယ်မှုအချို့ ပြုလုပ်နိုင်ခဲ့သော်လည်း ဒဏ်ရာကြောင့် ဆက်လက်မကစားနိုင်တော့သဖြင့် ဒုတိယပိုင်း မိနစ် ၆၀ တွင် ကယ်ပါနှင့် လူစားလဲခဲ့ရသည်။ 

 

စပိန်အသင်းဂိုးသမား ဒီဟေးယားသည် ဆွီဒင်အသင်းနှင့်ပွဲ၌ ခြေထောက်ကြွက်သား ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး ၎င်း၏ကလပ် မန်ယူအသင်းအနေဖြင့် အခက်အခဲများရင်ဆိုင်ရဖွယ်ရှိနေကြောင်း သိရသည်။ 

ဒီဟေးယားသည် ယင်းပွဲတွင် လက်စွမ်းပြကာကွယ်မှုအချို့ ပြုလုပ်နိုင်ခဲ့သော်လည်း ဒဏ်ရာကြောင့် ဆက်လက်မကစားနိုင်တော့သဖြင့် ဒုတိယပိုင်း မိနစ် ၆၀ တွင် ကယ်ပါနှင့် လူစားလဲခဲ့ရသည်။ 

" သူက ကြွက်သားနာကျင်မှုခံစားခဲ့ရတာဖြစ်ပြီး ပထမပိုင်းအပြီးမှာ ကုသမှုခံယူခဲ့ရပါတယ်။ သူ့အနေနဲ့ ပွဲပြီးတဲ့အထိ ဆက်ကစားချင်ခဲ့ပေမဲ့ ဆန္ဒမပြည့်ခဲ့ပါဘူး" ဟု စပိန်အသင်းနည်းပြ မော်ရီနိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် အောက်တိုဘာ ၂၀ ရက်တွင် လီဗာပူးလ်အသင်းနှင့် ကစားရမည်ဖြစ်ရာ ၎င်း၏ဒဏ်ရာမှာ ရလဒ်ဆိုးရွားနေသည့် မန်ယူအသင်းအတွက် ထိုးနှက်ချက်ဖြစ်စေခဲ့သည်။

 

Most Read

Most Recent