အင်္ဂလန်နှင့်ပွဲမှ ပရိသတ်များ၏လုပ်ရပ်အတွက် ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်ကို UEFA စွဲချက်တင်

အင်္ဂလန်နှင့်ပွဲမှ ပရိသတ်များ၏လုပ်ရပ်အတွက် ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်ကို UEFA စွဲချက်တင်
Photos: EFE & Getty Images
Photos: EFE & Getty Images
Published 16 October 2019

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ် ဘူလ်ဂေးရီးယား-အင်္ဂလန်ပွဲမှ အိမ်ရှင် ဘူလ်ဂေးရီးယားအသင်း ပရိသတ်များ၏ လုပ်ရပ်အတွက် ဘူလ်ဂေးရီယားဘောလုံးအဖွဲ့ချုပ်ကို စွဲချက်တင်ခဲ့ကြောင်း သိရသည်။ 

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ် ဘူလ်ဂေးရီးယား-အင်္ဂလန်ပွဲမှ အိမ်ရှင် ဘူလ်ဂေးရီးယားအသင်း ပရိသတ်များ၏ လုပ်ရပ်အတွက် ဘူလ်ဂေးရီယားဘောလုံးအဖွဲ့ချုပ်ကို စွဲချက်တင်ခဲ့ကြောင်း သိရသည်။ 

အောက်တိုဘာ (၁၄)ရက်နေ့က ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် အိမ်ရှင် ဘူလ်ဂေးရီးယားအသင်းပရိသတ်များသည် အင်္ဂလန်ကစားသမားများကို လူမျိုးရေးခွဲခြားမှုပြုလုပ်ခဲ့ခြင်းကြောင့် ပွဲကို နှစ်ကြိမ်တိုင် ရပ်နားခဲ့ရသည်။ 

အင်္ဂလန်အသင်းသည် အဆိုပါပွဲစဉ်တွင် ဘူလ်ဂေးရီးယားအသင်းကို (၆-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဘူလ်ဂေးရီးယားအသင်းပရိသတ်များသည် အင်္ဂလန်ကစားသမားများဖြစ်သည့် စတာလင်၊ တိုင်ရိုမင့်စ်နှင့် ရပ်ရှ်ဖို့ဒ်တို့ကို မျောက်ဟု အော်ဟစ်လှောင်ပြောင်ခဲ့ကြသလို၊ ကွင်းအတွင်း နာဇီပုံစံ အလေးပြုမှုများပြုလုပ်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ 

အဆိုပါဖြစ်ရပ်များကြောင့် ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မီကိုင်လော့ဗ်မှ ရာထူးမှ ချက်ချင်းနုတ်ထွက်ခဲ့ရပြီး ယခုအခါ UEFA က စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။ 

UEFA ၏ ထုတ်ပြန်ချက်တွင် "အောက်တိုဘာ (၁၄) ရက်နေ့က ကစားခဲ့သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲ ဘူလ်ဂေးရီးယား (၀-၆) အင်္ဂလန်ပွဲမှ ဖြစ်ရပ်များအတွက် UEFA စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါပွဲစဉ်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေးခွဲခြားမှု၊ ကွင်းအတွင်း အရာဝတ္ထုများဖြင့် ပစ်ပေါက်မှု၊ နိုင်ငံတော်သီချင်းသီဆိုနေချိန်တွင် နှောင့်ယှက်မှုများအတွက် ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်ကို စွဲချက်တင်ထားကြောင်း" ပါရှိသည်။ 

ဘူလ်ဂေးရီးယားအသင်းသည် ကိုဆိုဗို၊ ချက်အသင်းတို့နှင့် ကစားခဲ့သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲ အိမ်ကွင်းပွဲစဉ်များတွင်လည်း ပရိသတ်များ၏ လူမျိုးရေးခွဲခြားမှုများကြောင့် UEFA ၏ ကွင်းအစိတ်အပိုင်းပိတ်ပြစ်ဒဏ်ကို ချမှတ်ခံရကြောင်း သိရသည်။ 

 

Most Read

Most Recent