အသက် (၃၂)နှစ်အရွယ်ရှိ ဘိုနုချီသည် မနေ့က ကစားခဲ့သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ် အီတလီ (၂-၀) ဂရိပွဲတွင် အီတလီအသင်းအတွက် အသင်းခေါင်းဆောင်အဖြစ် ပွဲချိန်ပြည့်ပါဝင်ကစား ခွင့်ရရှိခဲ့သည်။
အီတလီအသင်း၏ ဂျူဗင်တပ်စ်နောက်ခံလူ ဘိုနုချီသည် ဂရိအသင်းအား အနိုင်ရသည့်ပွဲတွင် ပါဝင်ကစားခဲ့ပြီးနောက် အီတလီအသင်းသမိုင်းတွင် ပွဲအများဆုံးကစားသူစာရင်း၌ ဂန္ထဝင်တိုက်စစ်မှူး ဒယ်လ်ပီယာရိုကို ကျော်ကာ အဆင့်(၁၀)နေရာသို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။
အသက် (၃၂)နှစ်အရွယ်ရှိ ဘိုနုချီသည် မနေ့က ကစားခဲ့သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ် အီတလီ (၂-၀) ဂရိပွဲတွင် အီတလီအသင်းအတွက် အသင်းခေါင်းဆောင်အဖြစ် ပွဲချိန်ပြည့်ပါဝင်ကစား ခွင့်ရရှိခဲ့သည်။
ယင်းပွဲမှာ ဘိုနုချီအတွက် အီတလီအသင်းတွင် (၉၂)ပွဲမြောက်ဖြစ်ခဲ့ပြီး အီတလီဂန္ထဝင် တိုက်စစ်မှူးတစ်ဦးဖြစ်သူ ဒယ်လ်ပီယာရို (၉၁ ပွဲ) ကို ကျော်ကာ အီတလီအသင်းသမိုင်းတွင် ပွဲအများဆုံးကစားသူစာရင်း၌ အဆင့် (၁၀)နေရာသို့ (၁)ပွဲအသာဖြင့် တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ဘိုနုချီသည် အီတလီအသင်းအတွက် ၂၀၁၀ ခုနှစ်တွင် ပွဲထွက်ခဲ့ပြီး အသင်းအတွက် (၉၂)ပွဲကစားကာ (၇)ဂိုးသွင်းယူထားသည်။