အီတလီအသင်း၏ ရည်မှန်းချက်မှာ ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဗိုလ်စွဲရေးဖြစ်သည်ဟု မန်စီနီ ဆို

အီတလီအသင်း၏ ရည်မှန်းချက်မှာ ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဗိုလ်စွဲရေးဖြစ်သည်ဟု မန်စီနီ ဆို
Photo: Getty Images
Photo: Getty Images
Published 13 October 2019

အီတလီအသင်းနည်းပြ မန်စီနီက မိမိတို့အသင်း၏ ရည်မှန်းချက်မှာ ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဗိုလ်စွဲရေးဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

အီတလီအသင်းနည်းပြ မန်စီနီက မိမိတို့အသင်း၏ ရည်မှန်းချက်မှာ ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဗိုလ်စွဲရေးဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

အီတလီအသင်းသည် စက်တင်ဘာ (၁၂)ရက်က ကစားခဲ့သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲတွင် ဂရိအသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရပြီးနောက် ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။ 

မန်စီနီက ခက်ခဲမည်ဖြစ်သော်လည်း ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရည်မှန်းထားကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

မန်စီနီက "ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ခက်ခဲမယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ အခု အီတလီအသင်းက ပိုကောင်းလာပါပြီ။ တိုက်စစ်ပိုင်း ပိုကောင်းလာသလို ခံစစစ်ကလည်း ပိုပြီးတိုးတက်လာပါပြီ။ ပြီးတော့ ယူရိုပြိုင်ပွဲမစတင်ခင် ကျွန်တော်တို့အနေနဲ့ ပြင်ဆင်ချိန်လည်း တစ်နှစ်လောက် ရဦးမှာပါ။ ကျွန်တော်တို့အနေနဲ့ အခုထက်ပိုမိုတိုးတက်ဖို့ လိုအပ်နေပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ပါပဲ။ အီတလီအသင်းက ကမ္ဘာ့ဖလားချန်ပီယံဆုကို (၄)ကြိမ်အထိ ရထားတဲ့အသင်းပါ။ ကျွန်တော်တို့ ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲချင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

အီတလီအသင်းသည် ကမ္ဘာ့ဘောလုံးသမိုင်းတွင် အစဉ်အလာကြီးမားသည့် အသင်းတစ်သင်းဖြစ်ပြီး ကမ္ဘာ့ဖလား (၄)ကြိမ်နှင့် ယူရိုပြိုင်ပွဲတွင် (၁)ကြိမ် ဗိုလ်စွဲခဲ့ဖူးသည်။ 

သို့သော် အီတလီအသင်းသည် ယူရို-၂၀၁၂ ပြိုင်ပွဲတွင် ဒုတိယရပြီးနောက် ရုန်းကန်ခဲ့ရပြီး ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစစ်ပွဲပင် အောင်မြင်ခဲ့ခြင်းမရှိပေ။