ချက်-အင်္ဂလန်ပွဲမတိုင်မီ အင်္ဂလန်ပရိသတ်များနှင့် ရဲတပ်ဖွဲ့ဝင်များ ခိုက်ရန်ဖြစ်ပွားခဲ့

ချက်-အင်္ဂလန်ပွဲမတိုင်မီ အင်္ဂလန်ပရိသတ်များနှင့် ရဲတပ်ဖွဲ့ဝင်များ ခိုက်ရန်ဖြစ်ပွားခဲ့
Photos: Sky Sports/ Reuters / Getty Images/ Twitter
Photos: Sky Sports/ Reuters / Getty Images/ Twitter
Published 12 October 2019

ယူရို-၂၀၂၀ ခြေစစ်ပွဲအဖြစ် ကစားခဲ့သည့် ချက်- အင်္ဂလန်ပွဲမတိုင်မီ ပရပ်ဂ်မြို့၏လမ်းမများပေါ်တွင် အင်္ဂလန်ပရိသတ်များနှင့် ရဲတပ်ဖွဲ့ဝင်များ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး  စုစုပေါင်း(၃၁)ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။ 

အင်္ဂလန်ပရိသတ်များသည် အဆိုပါခိုက်ရန်ဖြစ်ပွားမှုတွင် ဒေသခံရဲတပ်ဖွဲ့ဝင်များအား ပုလင်းများဖြင့် ပစ်ပေါက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များကလည်း မူးမေ့စေနိုင်သည့် မီးခိုးငွေ့ဗုံးများဖြင့် ပြန်လည်ဖြိုခွင်းခဲ့ကာ အပြန်အလှန်တွန်းထိုးမှုများလည်းရှိခဲ့သည်။ ယင်းနောက် အင်္ဂလန်ပရိသတ်တစ်ဦးမှာ သွေးစများဖြင့် လမ်းပေါ်တွင် လဲကျနေခဲ့ပြီး လူနာတင်ယာဉ်ပေါ်တွင် ဆေးကုသမှုများခံယူခဲ့ရသည်။ 

အင်္ဂလန်ပရိသတ်များသည် အဆိုပါပွဲစဉ်အတွက် လက်မှတ် (၃၈၀၀)ကို ဝယ်ယူခဲ့ကြသော်လည်း ချက်နိုင်ငံသို့ လာရောက်သည့်ပရိသတ်မှာ ယင်းထက်များပြားဖွယ်ရှိကြောင်း သိရသည်။ သို့ဖြစ်ရာ များပြားလွန်းသည့်ပရိသတ်များကြောင့်  ပရပ်ဂ်မြို့မှာ ဆူညံပွက်လောရိုက်နေခဲ့ပြီး မူးယစ်သောက်စားမှုများ၊ ချက်နိုင်ငံ၏စည်းမျဉ်းဥပဒေများကို ချိုးဖောက်ကာ နေထိုင်ပြုမှုများကြောင့် ဒေသခံရဲတပ်ဖွဲ့နှင့်ထိပ်တိုက်တွေ့ခဲ့ခြင်းဖြစ်သည်။

ဒေသခံရဲတပ်ဖွဲ့၏ထုတ်ပြန်မှုအရ ဖမ်းဆီးခံခဲ့ရသည့် (၃၁)ဦးအနက် (၁၄)ဦးမှာ နိုင်ငံခြားသားများဖြစ်ကြောင်း  သိရသည်။ 

Most Read

Most Recent