ဂွါဒီယိုလာလက်အောက်တွင် ကစားပုံပြောင်းလဲခဲ့ရကြောင်း အဂွဲရိုး ပြောကြား

ဂွါဒီယိုလာလက်အောက်တွင် ကစားပုံပြောင်းလဲခဲ့ရကြောင်း အဂွဲရိုး ပြောကြား
Photo: Getty Images
Photo: Getty Images
Published 11 October 2019

မန်စီးတီးအသင်းတိုက်စစ်မှူး အဂွဲရိုးက အသင်းနည်းပြ ဂွါဒီယိုလာလက်အောက်တွင် ကစားပုံပြောင်းလဲခဲ့ရကြောင်း ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းတိုက်စစ်မှူး အဂွဲရိုးက အသင်းနည်းပြ ဂွါဒီယိုလာလက်အောက်တွင် ကစားပုံပြောင်းလဲခဲ့ရကြောင်း ပြောကြားခဲ့သည်။ 

ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ၂၀၁၆ ခုနှစ်တွင် စတင်ကိုယ်တွယ်ခဲ့ပြီး အစောပိုင်းတွင် အသင်းတိုက်စစ်မှူး အဂွဲရိုး၏ ကစားပုံနှင့် ပတ်သက်၍ ဝေဖန်များရှိခဲ့သည်။ 

ထို့ုပြင် ဂွါဒီယိုလာသည် ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူးကို ခေါ်ယူခဲ့ရာ အဂွဲရိုးအနေဖြင့် အသင်းမှထွက်ခွာရဖွယ်ရှိသည်ဟု သုံးသပ်မှုများရှိခဲ့သည်။ 

အဂွဲရိုးက နည်းပြ ဂွါဒီယိုလာသည် မိမိအား သူ၏လိုချင်သည့်ပုံစံအတိုင်း ကစားရန် တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။ 

အဂွဲရိုးက "ဂွါဒီယိုလာက ကျွန်တော့်ကို ကစားပုံပြောင်းလဲဖို့ ပြောပါတယ်။ ဒါက ကျွန်တော် မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ ရွေးချယ်ခွင့်မရှိခဲ့ပါဘူး။ အခု ကျွန်တော် ကစားနေတဲ့ပုံစံနဲ့ လွန်ခဲ့တဲ့ (၅)နှစ်လောက်က ကစားခဲ့တဲ့ ပုံစံဟာ အတော်လေးကို ကွာခြားပါတယ်။ ဂွါဒီယိုလာက တောင်းဆိုမှု အရမ်းများတဲ့ နည်းပြပါ။ ကိုယ့်ကိုယ်ကိုယ်ကောင်းကောင်း ကစားနေတယ်လို့ ထင်ရင်တောင် ဂွါဒီယိုလာက ဖိအားနေတာမျိုးတွေ ရှိပါတယ်"ဟု ပြောကြားခဲ့သည်။ 

အဂွဲရိုးသည် ဂွါဒီယိုလာလက်ထက်တွင် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၃၉)ပွဲတွင် (၁၀၃)ဂိုးအထိ သွင်းထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု (၂၅)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သည်။ 

 

Most Read

Most Recent