အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ချက်၊ ဘူလ်ဂေးရီးယားတို့နှင့်ကစားမည့် ယူရို- ၂၀၂၀ ခြေစစ်ပွဲစဉ်များတွင် လူမျိုးရေးခွဲခြားမှုများနှင့်ရင်ဆိုင်ရပါက ပွဲဆက်မကစားဘဲ ကွင်းအတွင်းမှ ထွက်ခွာသွားမည်ဟု အတည်ပြုပြောကြားခဲ့ သည်။
အင်္ဂလန်အသင်းသည် ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ်များအဖြစ် အောက်တိုဘာ (၁၁)ရက်တွင် ချက်၊ အောက်တိုဘာ (၁၄)ရက်တွင် ဘူလ်ဂေးရီးယားအသင်းတို့နှင့် အဝေးကွင်းပွဲစဉ်များ ကစားရမည်ဖြစ်သည်။
ဘူလ်ဂေးရီးယားအသင်းမှာ ပရိသတ်များ၏ လူမျိုးရေးခွဲခြားမှုများကြောင့် ပွဲစဉ် (၂)ပွဲကို ကွင်းအစိတ်အပိုင်းအချို့ပိတ်ကစားရန် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)၏ ပြစ်ဒဏ် ချမှတ်ခြင်းကို ခံထားရသည်။
အင်္ဂလန်အသင်းမှ လူမည်းကစားသမားများဖြစ်သည့် စတာလင်၊ ဒန်နီရို့စ်နှင့် အိုဒွိုင်းတို့မှာ မွန်တီနီဂရိုးအသင်းအား (၅-၁)ဂိုးဖြင့် အနိုင်ရခဲ့သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲ အဝေးကွင်းပွဲစဉ်တွင် လူမျိုးရေးခွဲခြားမှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ဆောက် ဂိတ်က ချက်၊ ဘူလ်ဂေးရီးယားတို့နှင့် ကစားမည့် ပွဲစဉ်များတွင် လူမျိုးရေးခွဲခြားမှုများရှိလာပါက UEFA ၏ ညွှန်ကြားချက်အတိုင်း ပွဲကိုဆက်ကစားမည်မဟုတ်ဘဲ ကွင်းအတွင်းမှ ထွက်ခွာမည် ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆောက်ဂိတ်က ''ကျွန်တော်တို့အနေနဲ့ ဥရော ပဘောလုံးအဖွဲ့ချုပ် (UEFA)ရဲ့ ညွှန်ကြားချက်အ တိုင်း လိုက်နာဖို့ အသင့်ရှိနေပါတယ်။ မွန်တီနီဂရိုးနဲ့ ပွဲအပြီးမှာ ကျွန်တော်တို့ အိမ်ကွင်း (၂)ပွဲဆက်တိုက် ကစားခဲ့ရပြီး လူမျိုးရေးခွဲခြားမှုတွေ မရှိခဲ့ပါဘူး။ ဒါ ကြောင့် ကျွန်တော်တို့ ကွင်းအတွင်းဆက်ရှိနေခဲ့တာ ဖြစ်ပြီး လာမယ့်ပွဲတွေမှာ လူမျိုးရေးခွဲခြားမှုတွေ ရှိ လာမယ်ဆိုရင် UEFA ရဲ့ ညွှန်ကြားချက်အတိုင်း ကွင်းအတွင်းက ထွက်ခွာသွားမှာပါ''ဟု ပြောကြား ခဲ့သည်။
ထို့ပြင် ဆောက်ဂိတ်က အသင်းကစားသမား (၃)ဦးကို လူမျိုးရေးခွဲခြားမှုကြောင့် မွန်တီနီဂရိုးအ သင်းကို ဒဏ်ငွေ (၁၇ç၂၅၃)ပေါင် တပ်ရိုက်ခဲ့သည့် UEFA ၏ လုပ်ရပ်မှာ လုံလောက်မှုမရှိကြောင်းလည်း ပြောကြားခဲ့သည်။
ဆောက်ဂိတ်က ''လူမျိုးရေးခွဲခြားမှုတွေက အလေးထားရမယ့် ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လေးစားမှုခံရဖို့ ထိုက်တန်ပါတယ်။ မွန်တီနီဂရိုးအသင်းကို ဒဏ်ရိုက်ခဲ့တာက မလုံလောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။
အင်္ဂလန်အသင်းသည် ယူရို-၂၀၂၀ ခြေစစ်ပွဲ အုပ်စု (A) တွင် (၄)ပွဲကစားပြီးချိန်၌ ပွဲတိုင်းအနိုင်ရထားပြီး ရမှတ် (၁၂)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နေသည်။