မက်ဂရီဂေါ်သာဆန္ဒရှိပါက မကျေပွဲကို မော်စကိုတွင်ကျင်းပရန် အသင့်ရှိကြောင်း UFC လိုက်ဝိတ်တန်းချန်ပီယံ ခါဘစ်၏ဖခင်ဖြစ်သူ တုံ့ပြန်ပြောကြား

မက်ဂရီဂေါ်သာဆန္ဒရှိပါက မကျေပွဲကို မော်စကိုတွင်ကျင်းပရန် အသင့်ရှိကြောင်း UFC လိုက်ဝိတ်တန်းချန်ပီယံ ခါဘစ်၏ဖခင်ဖြစ်သူ တုံ့ပြန်ပြောကြား
Photos: Getty Images
Photos: Getty Images
Published 6 October 2019

ခါဘစ်သည် ယင်းပွဲအပြီး ၁၁ လအကြာ စက်တင်ဘာ ၇ ရက်က ကျင်းပသည့် UFC 242 ပြိုင်ပွဲတွင် ပြန်လည်ယှဉ်ပြိုင်ရာ တတိယအချီမှာပင် လည်ပင်းချုပ်ကွက်ဖြင့် ထပ်မံအနိုင်ရခဲ့သည်။ ယင်းပွဲအပြီးမှာပင် မက်ဂရီဂေါ်က ခါဘစ်နှင့်မကျေပွဲကို ရုရှားနိုင်ငံ မော်စကိုမြို့၌ ထိုးသတ်လိုကြောင်း Twitter မှတစ်ဆင့် စိန်ခေါ်ခဲ့ပြီး ခါဘစ်၏မန်နေဂျာကမူ ၎င်းနှင့် ပြန်လည်ထိုးသတ်ရန် အစီအစဉ်မရှိသေးကြောင်း တုံ့ပြန်ပြောကြား ထားသည်။ 

 

UFC  လိုက်ဝိတ်တန်းချန်ပီယံ ရုရှားကစားသမား ခါဘစ်နာမာဂိုမီဒေါ့ဗ်၏ဖခင်ဖြစ်သူ အဗ္ဗဒူလ်မာနက်နာမာဂိုမီဒေါ့ဗ်က မက်ဂရီဂေါ်သာ ဆန္ဒရှိပါက မိမိသားနှင့် မကျေပွဲကို မော်စကိုမြို့၌ကျင်းပရန် အသင့်ရှိကြောင်းတုံ့ပြန်ပြောကြားခဲ့သည်။

ခါဘစ်နှင့် UFC  ၀ိတ်တန်းနှစ်ခု ချန်ပီယံဟောင်းဖြစ်သည့် အိုင်ယာလန်ကစားသမား မက်ဂရီဂေါ်သည် UFC 229 ပြိုင်ပွဲအဖြစ် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၆ ရက်က အမေရိကန်နိုင်ငံ လတ်စ်ဗေးဂတ်စ်မြို့၌ ယှဉ်ပြိုင်ထိုးသတ်ရာခါဘစ်က စတုတ္ထအချီ သုံးမိနစ် ၀၃ စက္ကန့်တွင် လည်ပင်းချုပ်ကွက်ဖြင့် အနိုင်ရကာ လိုက်ဝိတ်တန်းချန်ပီယံခါးပတ်ကာကွယ်နိုင်ခဲ့သည်။ ယင်းပွဲအပြီးတွင် ခါဘစ်က မက်ဂရီဂေါ်၏ အသင်း ဖော် ဒီလွန်ဒန်းနစ်ကိုသွားရောက်တိုက်ခိုက်ရာမှ နှစ်ဖက်အသင်း ကစားသမားများ ရန်ပွဲဖြစ်ပွားခဲ့သောကြောင့် ကိုးလပွဲပယ်ပြစ်ဒဏ် နှင့် ဒဏ်ကြေး ဒေါ်လာငါးသိန်း ချမှတ်ခံခဲ့ရသည်။ 

ခါဘစ်သည် ယင်းပွဲအပြီး ၁၁ လအကြာ စက်တင်ဘာ ၇ ရက်က ကျင်းပသည့် UFC 242 ပြိုင်ပွဲတွင် ပြန်လည်ယှဉ်ပြိုင်ရာ တတိယအချီမှာပင် လည်ပင်းချုပ်ကွက်ဖြင့် ထပ်မံအနိုင်ရခဲ့သည်။ ယင်းပွဲအပြီးမှာပင် မက်ဂရီဂေါ်က ခါဘစ်နှင့်မကျေပွဲကို ရုရှားနိုင်ငံ မော်စကိုမြို့၌ ထိုးသတ်လိုကြောင်း Twitter မှတစ်ဆင့် စိန်ခေါ်ခဲ့ပြီး ခါဘစ်၏မန်နေဂျာကမူ ၎င်းနှင့် ပြန်လည်ထိုးသတ်ရန် အစီအစဉ်မရှိသေးကြောင်း တုံ့ပြန်ပြောကြား ထားသည်။ 

သို့သော် ၎င်း၏ဖခင်ဖြစ်သူ အဗ္ဗဒူလ်မာနက်နာမာဂိုမီဒေါ့ဗ်က Zhivina 100 YouTube Channel သို့ "မက်ဂရီဂေါ်သာ ဆန္ဒရှိမယ်ဆိုရင် မော်စကိုကနေ သူ့ကိုစောင့် နေမှာပါ။ သူက ခါဘစ်ထက် ပရိသတ်ပိုများတယ် ဆိုပြီးတစ်ခါတုန်းက ပြောဖူးတယ်။ ကျွန်တော်တို့ကတော့ အဲဒီပွဲကို မော်စကိုမှာ ကျင်းပချင်ပါတယ်။ သူသာလာခဲ့မယ်ဆိုရင် ကျွန်တော်တို့ဘက်က စောင့်နေမှာပါ" ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent